♥1♥

4.9K 124 0
                                    

မချစ်ရင်

~~~~~

Part-1

ကြာခဲ့ပြီ......။

18နှစ်တောင်ကြာခဲ့ပြီဆိုပေမဲ့ အချစ်ဦးစီက အရူးလုပ်ချင်းခံခဲ့ရတာဟာ မနေ့တနေ့ကလို ဒဏ်ရာပဲမို့ အခုထိ နာကျင်တုန်းပင်။

အချစ်ကိုရူးမိုက်မိတဲ့အရွယ်မှာ တစ်ပါထဲ ပူးတွဲရခဲ့တာက အရှက်ကွဲကာ အရူးဖြစ်ခဲ့ခြင်းမို့ အားလုံးရဲ့အဝေးကို ရှောင်ပြေးခဲ့တာက

18နှစ်။

အခုတော့ အချိန်တန်ပြီမို့ မုန်းခဲ့သောဒီနိုင်ငံကို အပြီးပြန်လာဖြစ်ခဲ့သည်။

ဘယ်နည်းနဲ့မဆို အနိုင်ယူမှာမို့ ခံနိုင်ရည်ရှိအောင်ကြိုးစားထားကြပေါ့။

စက်အာကာဟန်ဆိုတာ 17နှစ်အရွယ် မနူးမနပ်အချစ်ရူးမှမဟုတ်တော့ဘဲ။

ခံစားခဲ့သမျှ နာကျင်ခဲ့သမျှ အရူးလုပ်ခံခဲ့ရသမျှ ပြန်လာယူတာမို့

ခင်ဗျားတို့ရဲ့ ရတနာလေးကို လုံအောင်ဖွက်ထားကြပေါ့ ဒေါ်မာယာခင်။

*ကျွီ......*

ကျယ်လောင်သွားသည့်ကားဘရိတ်အုပ်သံကြောင့်

စက် အတွေးတို့ရပ်သွားရသည်။

"ဘာဖြစ်တာလဲ ဦးနိုင်"

"ကားရှေ့ကိုကောင်လေးတစ်ယောက်ဖြတ်ကူးသွားလို့ပါ"

"ဘာဖြစ်သွားတာလဲ ဆင်းကြည့်လိုက်အုံးဦးနိုင်"

"ဟုတ် အကိုလေး"

ဦးနိုင်က ကားပေါ်ကအမြန်ဆင်းသွားသည်။

အိမ်အမြန်ရောက်ချင်ကာမှ အနှောက်အယှက်ပဲ။

"အကိုလေး ကောင်လေးကသတိမေ့သွားတယ်ထင်တယ်"

"ဘာ......"

ပြန်တောင်မရောက်သေးဘူး စီးကြိုသည့်ပြသနာက ငယ်ထိပ်မြွေပေါက်မည့်ဖြစ်ခြင်း။

စက် ကားပေါ်ကဆင်းကာ ဦးနိုင်အနားလာခဲ့တော့ စကိတ်ဘုတ်နဲ့အတူ လဲနေသောကောင်လေးတစ်ယောက်ကိုတွေ့ရသည်။

"ထပ်နှိုးကြည့်လိုက် ဦးနိုင်"

"ဟုတ် အကိုလေး......

💙မချစ်ရင်💙 CompletedDove le storie prendono vita. Scoprilo ora