♥5♥

1.5K 45 0
                                    

Part-5

"အဲ့လိုပဲ ကိုယ့်ကိုဥပေက္ခာပြုထားမှာလားသွန်းငယ်"

ပြန်မဖြေ။
လက်နာသည်ဆိုသော အကြောင်းပြချက်ကြောင့်
သွန်းငယ်ဟာ စက်ကိုထမင်းကိုယ်တိုင်ခွံ့ကျွေးနေခြင်း။
ကလေးဆန်နေသော်လည်းမတက်နိုင်။
ဒီလိုလုပ်ရမဲ့အကြောင်းအရင်းက ခိုင်လုံသည်မဟုတ်လား။

"တော်ပြီ ကိုယ်မစားတော့ဘူး
ကိုယ့်ကိုစိတ်တိုနေတယ်မဟုတ်လား
သွန်းငယ်ပြန်တော့လေ"

စက်စိတ်မကောင်းသလိုပြောလိုက်တော့ သွန်းငယ်က မော့ကြည့်လာသည်။
တချိန်လုံးငုံ့ထားသည့် မျက်နှာလေးက ပကတိကြည်လင်လျှက်။

"မုန်းလားသွန်းငယ်
ဟင် ကိုယ်မင်းကိုနမ်းလိုက်လို့ စိတ်နာသွားလား
စိတ်ကြိုက်အပြစ်ပေးလေ မင်းထိုးချင်လဲထိုးလိုက်
ကိုယ်အပြစ်မယူဘူး"

"ရင်ခုန်ရင်အချစ်လို့ ဦးပြောဖူးတာ မှတ်မိလား"

"ဟင်"

စက်ပြောနေသည့် စကားတို့နှင့်မဆိုင်သည့်စကားကိုသွန်းငယ်ကပြောလာသည်။
မှတ်မိတာပေါ့။သွန်းငယ်ရဲ့စိတ်ထဲကို စက်ကိုယ်တိုင်အဲ့ဒီအတွေးသွင်းပေးခဲ့တာပဲ။

"သား ရင်ခုန်မိပြီထင်တယ်"

"ဘယ်လိုသွန်းငယ် မင်းတခြားသူကို......"

"ဦးကို......"

"ဟင်"

"ဦးကိုရင်ခုန်မိနေပြီ
သား ဦးကိုချစ်မိပြီထင်တယ်...သားက ဟင့် သားတောင်းပန်ပါတယ်"

"သွန်းငယ်ရယ် ကိုယ်လန့်သွားတာ"

ပုခုံးလေးတွေတုန်သည်အထိရှိုက်ငိုသော
သွန်းငယ်အား စက်ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"မင်းရင်ခုန်တဲ့သူက ကိုယ်မဟုတ်မှာကြောက်သွားတာ"

"ဦး...သားကိုနမ်းတာ ချစ်လို့လား
ဟင့်......ကလေးမို့ နမ်းတာပဲလား အင့်......"

ချစ်လို့လားတဲ့။
ဟားတိုက်လို့သာရယ်ပစ်လိုက်ချင်သည်။
မုန်းရလွန်းလို့ သေမတက်ဖြစ်နေတာကို ချစ်လို့လားဆိုသည့်မေးခွန်းကလှောင်ပြောင်လာသေးသည်။
မင်းနဲ့တော့ ခက်ပြီသွန်းငယ်။
ငါမှမင်းကိုမချစ်ဘဲ။

💙မချစ်ရင်💙 CompletedWhere stories live. Discover now