"ငါပြောသားပဲငါကမင်း,မင်းကငါပါလို့..ငါအဲ့ဒီမှာရှိနေတာကမင်းအဲ့ဒီနေရာမှာရှိနေတာနဲ့အတူတူပါပဲ"

"ငါနားမလည်ဘူး"

"ငါတို့ပါရှားနိုင်ငံမှာအရမ်းကိုကောင်းမွန်တဲ့ဘုရင်ကြီးတစ်ပါးရှိခဲ့တယ်အဲ့ဒီဘုရင်ကကုန်းကုန်းအဟောင်ဆောင်ထားတဲ့လူငယ်လေးတစ်ယောက်ကိုဖိဖုရားအဖြစ်တင်မြှောက်ခဲ့တာအဲ့ဒီကုန်းကုန်းကအဆင့်မြင့်အိမ်တော်ကအလားအလာရှိတဲ့သခင်ငယ်လေးပဲစည်းကမ်းတင်းကျပ်လွန်းတဲ့မိသားစု​ကြောင့်ချစ်သူနဲ့ဝေးရမှာကြောက်ပြီးသူ့ချစ်သူရဲ့အကူအညီနဲ့ကုန်းကုန်းယောင်ဆောင်ပြီးနန်းတွင်းထဲမှာနေခဲ့တာဘုရင်ကြီးကိုမိဖုရားတော်ကောက်ဖို့အမတ်တွေကဖိအားပေးတိုက်တွန်းတဲ့အခါကြတော့မှသူတို့နှစ်ယောက်ကတရားဝင်လက်တွဲခဲ့ကြတာဘယ်သူတွေဘယ်လိုပဲနားချကြပါစေကန့်ကွက်ကြပါစေသူတို့နှစ်ယောက်လက်တွဲမဖြုတ်ခဲ့ကြဘူးနောက်ဆုံးတော့ဒီလူနှစ်ယောက်ကိုအားလုံးကအလျှော့ပေးလိုက်ကြရတယ်လေလူတိုင်းအားကျရတဲ့အချစ်စုံတွဲလေးပေါ့"

ဒီအကြောင်းကိုပြောဆိုနေချိန်မှာမင်းမြတ်မဟာရဲ့မျက်နှာကဂုဏ်ယူမှုတွေပြည့်နက်နေခဲ့သည်။

"ကုန်းကုန်းလေးကဘုရင်ကြီးအတွက်နတ်ရင်သွေးဆေးသောက်ပြီးအရမ်းချစ်စရာကောင်းတဲ့သားလေးတစ်ယောက်မွေးပေးခဲ့တယ်လေအဲ့သားလေးက'မင်းမြတ်မဟာ'တဲ့အရမ်းထက်မြတ်ပြီးချစ်ဖို့ကောင်းလွန်းလို့တစ်လောကလုံးကသည်းသည်းလှုပ်ကြရတယ်သူက,နိုင်ငံအားလုံးကိုငြိမ်းချမ်းရေးရအောင်ပါလုပ်ပေးနိုင်ခဲ့တာပါရှားပြည်ကြီးတိုးတက်လိုက်တာဆိုတာတကယ့်နတ်ပြည်ကြီးလိုပဲမင်းမြတ်မဟာနန်းတက်တော့အရှင်ဟောင်းနှစ်ပါးကနန်းတွင်းအပြင်ထွက်ပြီးသာယာတဲ့နေရာမှန်သမျှကိုအတူတကွခရီးထွက်ခဲ့ကြတာတစ်နှစ်တစ်ခါမှပဲသူတို့သားကိုတွေ့ဖို့ပြန်လာကြတယ်လူတွေကအမြဲတမ်းအရှင်အသစ်ကိုကြင်ယာတော်ရှာဖို့တိုက်တွန်းခဲ့ကြတာအရှင်အသစ်ကလည်းအခြားလူတွေစိတ်ကျေနပ်ဖို့အမျိုးသမီးတွေအများကြီးလက်ထပ်ဖို့လုပ်ခဲ့ပါတယ်ဒါပေမယ့်သူရွေးချယ်လိုက်တဲ့အမျိုးသမီးတိုင်းအသတ်ခံရတယ်ဂုဏ်သိက္ခာကျဆင်းတယ်တစ်ချို့ဆိုထူးထူးဆန်းဆန်းပျောက်ကွယ်သွားကြတယ်အဲ့တာကြောင့်ဘယ်သူကမှသူနဲ့မပတ်ရဲကြတော့ဘူး"

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now