Episode 23

1K 107 6
                                    

ဆေးရုံနှင့် စာချုပ်က နှစ်နှစ်။လစာအပြင် နေစရာအတွက် ကုန်ကျစရိတ်သပ်သပ်ပေး၍ ဆေးရုံနားရှိ တိုက်ခန်းကိုပင် ငှား၍ တစ်ယောက်တည်းနေလိုက်သည်။ကျွန်မ၏ သူငယ်ချင်း မင်းဝေနေသည့်နေရာနှင့် ကျွန်မတိုက်ခန်းမှာ နည်းနည်းဝေးသည်။ဆေးရုံတစ်ခုတည်း အလုပ်အတူတူလုပ်ခွင့်ရ၍ တော်ပါသေးသည်။လူခံရှိနေ၍ အသားကျအောင် သိပ်ကြိုးစားစရာမလို။

မြနန္ဒာအား သတိရစိတ်ကို အလုပ်ချည်းလုပ်နေလိုက်၊ဒါမှမဟုတ်လည်း စာဖတ်နေလိုက်ဖြင့် ဖြေဖျောက်နေရသည်။ အချိန်ကွာခြားချက်ကြောင့်ရယ်၊အလုပ်မအားတာရယ်ကြောင့် ဖုန်းမပြောဖြစ်ကြ။ ပိုင်ပိုင်သည်သိပ်မကြာသေးခင်က အီးမေးလ်တစ်စောင်ပို့လာသည်။ကျွန်မကို သတိရကြောင်း၊ကျန်းမာရေးဂရုစိုက်ဖို့အကြောင်းနှင့် မြနန္ဒာလည်း ကျွန်မကိုသတိရနေကြောင်းရေးထားသည်။

မြနန္ဒာဆီမှတော့ ဘာမှပို့မလာချေ။ကျွန်မ ဒီကိုမလာခင်တုန်းက ကိစ္စနဲ့ပတ်သက်ပြီး တောင်းပန်ကြောင်း စာပို့ထားသော်လည်း မြနန္ဒာဆီက ဘာမှပြန်ပို့မလာခဲ့။အီးမေးလ် ပဲ မတွေ့တာများလား။

ဂျူတီ မရှိသည့်ရက်များတွင် အဆုတ်နှင့်ရင်ခေါင်းအထူးကုခွဲစိတ်အတွက် သင်တန်းသွားတက်ရ၏။တကယ်ဆိုလျှင် ဆရာဝန်ဖြစ်ပြီး ဆေးရုံကိုငြီးငွေ့မိသည်ကိုတော့ ဝန်ခံရလိမ့်မည်။ဒါပေမယ့် ရန်ကုန်မှာထက်စာလျှင်တော့ အနည်းငယ်သက်သာတာတော့ အမှန်ပဲ။ရန်ကုန်ဆေးရုံကြီးမှာတုန်းက လူ့ဘဝ၏ အဆိုးဆုံးဟုဆိုနိုင်သော မြင်ကွင်းများ၊မြင်ရုံနှင့် မေ့လဲနိုင်လောက်အောင် သွေးလန့်စရာ လူနာများကို မြင်ခဲ့ရသည်။ အရေးပေါ်ဌာနမှာဆိုလျှင် ပို၍တောင်စုံသေးသည်။အဖြစ်အပျက်မျိုးစုံနှင့် ရှိနိုင်မည်မထင်ခဲ့သော ဆန်းကြယ်လွန်းသည့် ဖြစ်ရပ်များစွာနှင့် လူနာများကြောင့် တကူးတကအားထုတ်စရာမလိုဘဲ တရားတောင်ရနိုင်လိမ့်မည်ထင်၏။

ဒီမှာတော့ အဲဒီလိုမျိုးတွေရှားပါးသည်။လုံးဝမရှိတာမဟုတ်ဘဲ တခါတရံတွင်သာ တွေ့ရ၏။ကျွန်မ ရောက်တာမကြာသေး၍ မကြုံဖူးသေးတာလည်းဖြစ်နိုင်ပါသည်။

To Cathy With LoveWhere stories live. Discover now