" ဘာသတင်းထူးလဲ ?"

" Bossတွေးနေသလိုပဲ ၊ သူ့ခြေလှမ်းတွေက တည့်တည့်ပဲ "

" ဟိုကိစ္စရော "

" ဖြေရှင်းပြီးပြီး Boss  ၊ ဒီမှာ စာရွက်စာတမ်းတွေ "

ယူဂျင်းဂန်တစ်ယောက် ကင်မ်ထယ်ယောင်းမေးတာကိုရော သက်သေတကွ ချထားပေမဲ့ တံခါး၀မှာနေပြီး အပြင်ကို ငေးနေလေသည် ။ ဆေးလိပ်ကအခန်းထဲမှာ မွှန်းထူနေလေသည် ။ ခုနက Boss ရဲ့ အမျိုးသားပါ ။ အထုတ်တွေယူပြီး ဘယ်သွားတာလဲ ? ။ ဘာလဲ ဒီနေ့တက်လာတဲ့ သတင်းကြောင့်လား ? ။

" အိမ်ရောလား ?"

" ဟုတ်ကဲ့ "

" ကောင်းပြီး ..တာ၀န်ကျေတယ် ၊ ငါထပ်ပြောထားတဲ့ ကိစ္စတွေကို မင်းမြန်မြန်လေး လုပ်ပေးရင် ကောင်းမယ် ၊ ဒီထက် နစ်ဆပိုပေးတယ် "

တံခါးနားကနေ ယူဂျင်းဂန်ထိုင်တဲ့ မျက်နှာချင်းဆိုင်ကာ ဆိုဖာပေါ်မှာ ၀င်ထိုင်လေသည် ။

" မလိုပါဘူး ၊ bossအတွက် အလုပ်‌လုပ်ပေးနေရတာကို ကျွန်တော်က ကျေးဇူးတင်နေတာပါ "

ကင်မ်ထယ်ယောင်း မျက်လုံးကိုအနည်းငယ်ကြုတ်လိုက်သည် ။ ဆေးလိပ်ကို ပြာခွက်ထဲမှာ ထိုးချေလိုက်ပြီး

" ဘာလဲ ငါနဲ့အိပ်ချင်လို့လား ?"

" ဗျာ ..!!"

" ပိုက်ဆံမယူပဲ လုပ်ပေးရအောင် မင်းသိပ်အားယားနေလို့မဟုတ်ရင် မင်းငါနဲ့ပတ်သက်ချင်လို့ပေါ့ "

" အဲလိုမျိုး မဟုတ်ဘူး boss ...Boss က အမြဲကျွန်တော်တို့ လိုအပ်ချိန်ကို "

" နောက်တစ်ခါမင်းအကြည့်ပြင် "

" ဟုတ်ကဲ့ "

" ရပြီး သွားတော့ "

ယူဂျင်းဂန်ကို မောင်းထုတ်ပြီးတော့ အပြင်သွားဖို့အတွက် အ၀တ်အစားလဲလေသည်။ အခြားတော့ သွားတာမဟုတ်ပေ  မင်ဟိုဆီကိုသွားတာဖြစ်လေသည် ။

.......

" ကျွန်တော်ဒီလိုမျိုး သတင်းစာရှင်းလင်းပွဲလုပ်ရလိမ့်မယ်လို့ မထင်ခဲ့ပမဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကြောင့် ကျွန်တော်တို့ရဲ့ ရှယ်ယာတန်ဖိုးတွေ အများကြီး ဆုံးရူံးသွားတယ်ဆိုပေမဲ့  ကျွန်‌တော့်သားနဲ့ ပတ်သက်တဲ့ ကိစ္စမို့ ဒီသတင်းကို စိတ်၀င်စားနေကြတဲ့ ပြည်သူတွေကို ရှင်းပြချင်တာ ဖြစ်ပါတယ် "

" Bad Husband" ( Complete)Onde histórias criam vida. Descubra agora