172. နောက်ကလိုက်လာတဲ့ အလှလေး

Start from the beginning
                                    

တင်အိမ်တော် နှင့် ဧကရီသည် သူ၏လာရောက်လည်ပတ်မှုနှင့် ပတ်သက်၍ မည်သို့လုပ်ဆောင်ရမည်နည်း။

ဖန်ယုလန်က မတ်တပ်ထရပ်ပြီး ပိုင်လင်းကို နောက်ထပ် လက်ဖက်ရည်တစ်ခွက် ထည့်ခိုင်းလိုက်တယ်။  သူက လက်ဖက်ရည်ကိုယူကာ ပြုံးလျက် ဖန်ယုရှောင်၏ အနီးသို့ မတ်တပ်ရပ်လိုက်သည်။ 

“အစ်ကိုကြီး မင်းပြောတာမှန်တယ် ၊ ကျုပ်တို့ကသောက်ပြီး ပျော်ဖို့ပဲလိုတယ် ၊ ဖေဖေကသာ ဒီဆုံးဖြတ်ချက်တွေ ချသင့်တယ်။  ဒီည အဖေအတွက် ကောင်းချီးပေးပါစေလို့ ကျုပ်ဆုတောင်းပေးလိုက်ပါတယ် ။  အကိုကြီး အဒေါ်ရှေ့မှာ ကျုပ်တို့မသောက်သင့်ဘူး ။ ဒါကြောင့် ဒီလက်ဖက်ရည်တစ်ခွက်နဲ့ ကျုပ် မင်းကို အလျှော်အစားပေးလိုက်မယ် " ထို့နောက် သူသည် လက်ဖက်ရည်ကို ဖန်ယုရှောင်ဆီသို့ တလေးတစား ယူလာကာ သူ့နှုတ်ခမ်းက အပြုံးများဖြင့် ပြည့်နှက်နေသည် ။

ဖန်ယုရှောင်သည် ဖန်ယုလန်၏ယဉ်ကျေးသောလေသံကို ငြင်းဆို၍မရပေ။ ထိုကြောင့်သူသည် မတ်တပ်ထရပ်ပြီး ပြုံးပြုံးလေးပြောလိုက်သည် "ကျေးဇူးအများကြီးတင်ပါတယ် တော်ဝင်အဋ္ဌမမြောက်ညီတော်။ အဖေနဲ့ ခဏဆုံပြီး အတူတူ သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းလိုက်ကြရအောင်"

"သေချာတာပေါ့် ၊ တင်အိမ်တော်ရဲ့ ဒုတိယသခင်မလေးက ဒီနေ့လည်း ဒီမှာပဲ ရှိနေတယ်လို့ ကျွန်တော်ကြားမိတယ်။ သူမ မင်းကို စိတ်ဝင်စားနေခဲ့တာ ကြာခဲ့ပြီလို့ ပြောတယ်။ ကျုပ်ဒီကိုရောက်တော့ ၊ တင်အိမ်တော်ရဲ့ ဒုတိယသခင်မလေးက ဒီနေရာကိုလာရောက်လည့်ပတ်မယ်လို့ အဒေါ်ကပြောတယ် ။ သူမကနောက်မှ မင်းနဲ့အတူ လိုက်သွားနိုင်တယ် ၊ ဖေဖေ အဲဒါကိုတွေ့ရင် ကျေနပ်သွားလိမ့်မယ်။  " ဖန်ယုလန်၏ မျက်လုံးများ တောက်ပ၍ ဘေးတွင် စောင့်ဆိုင်းနေသော ပိုင်လင်းကို ဝှေ့ယမ်းပြီး ထပ်မေးလိုက်သည် " ဒုတိယသခင်မလေးလင်းက ဘယ်တုန်းက လာမယ်လို့ ပြောခဲ့တာလဲ။ "

လက်ဖက်ရည်ခွက်တစ်ဝက်လောက်ကိုသောက်ပြီးတဲ့ ဖန်ယုရှောင်က ရုတ်တရက် သီးသွားခဲ့တယ် ။ သူက ပြင်းပြင်းထန်ထန် ချောင်းဆိုးပြီး လက်ဖက်ရည်ကို သောက်လိုက်ကာ သူ့အမူအရာက တင်းမာလာခဲ့သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now