"Nari"
အမှောင်အတိကျနေတဲ့အခန်းထောင့်တစ်နေရာမှအပြုံးလေးတွေ။ အလင်းရောင်ဆိုတာမှိန်ပျပျလေးပါပဲ။ ဒါပေမဲ့သူမရဲ့ဖရိုဖရဲအလှလေးကစိတ်တွေကိုရောက်ရက်ခတ်စေတဲ့အထိ။
"ဘာလုပ်နေတာလဲ"
ParkJiminနဲ့စကားများခဲ့သေးလားမသိပေမဲ့လုံးဝအေးစက်နေတဲ့အခန်းပတ်ဝန်းကျင်က နည်းနည်းလေးတော့သံသယဝင်စရာကောင်းနေသည်။ နောက်ပြီးNariရဲ့ပြုံးနေပုံတွေ။
"Simon..ငါ့မှာနင်ပဲရှိတယ်ဆိုတာ တကယ်ပုံပြင်မဟုတ်ဘူးပဲ"
လေးပင်စွာပြိုကျလာသောအသံလေး။ငိုနေမှာပေါ့၊အသည်းနာရခြင်းကိုကောင်းကောင်းခံစားဖူးသူမို့အမှောင်ချငိုပစ်လိုက်တာကအကောင်းဆုံးမလား။နှစ်သိမ့်ပေးမည့်လူမရှိနေတဲ့အခါ ကျွန်တော်တို့အလင်းရောင်တွေကြားဘယ်ကြေကွဲရဲပါ့မလဲ။
"မီးတွေဖွင့်..."
"မလုပ်နဲ့..ငါအမှောင်ထဲပဲနေချင်တယ်"
"ငါရောက်နေပြီလေ..ငါရှိနေရင်.."
"ကျေးဇူးတင်ပါတယ်..အရာအားလုံးအတွက်..အနွေးထွေးဆုံးမေတ္တာတွေအတွက်..သံယောစဥ်တွေအားလုံးအတွက်..ငါသိပ်ကိုကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စကားက အ့"
ကျေးဇူးစကားတွေအတွက်ပွေ့ဖက်ပေးရန်အနားသို့သွားတဲ့အခါ ခြေဖဝါးမှဆူးခနဲနာကျင်မှုကြောင့်ဆံပင်တွေတောင်ထောင်သွားသလို။ Nariကပုလင်းကွဲတွေကြားမှာ ကျွန်တော့်ကိုအဆုံးသတ်တော့မလိုလေသံနဲ့ကျေးဇူးစကားတွေဆိုနေသည်။ပြောခဲ့ဖူးတာတွေကိုပြန်တွေးမိတဲ့အခါလက်တစ်ကမ်းကခန္ဓာကိုယ်လေးအားဆွဲယူလိုက်မိပြီးပြီ။ထင်သလိုတော့မဟုတ်လောက်ပါဘူး။
"Nari..ဒီနေရာမှာပုလင်းကွဲတွေရှိတယ်..ထနော်..ငါအခန်းရှင်းပေးမယ်"
"နင်ချစ်တဲ့လူတွေ့တဲ့အခါ သေချာပေါက် လက်ထပ်နော် အမြဲတမ်းပျော်နေပါSimon ငါနင့်ကိုပျော်စေချင်တယ်..ပြီးတော့ ကျေးဇူးအများကြီး တင်တယ်နော် "
ကျေးဇူးတွေအတင်မခံချင်ပါ။ အရာအားလုံးနားလည်ပါပြီဆို ကျွန်တော့်ရင်ခွင်မှာပဲခြေရာတွေထပ်လာစေချင်ခဲ့တာ။အချစ်ခံရတဲ့ဘဝလေးကိုပဲပေးချင်ခဲ့တာပါ။