"‌ဆိုင်ကယ် ဖြည်းဖြည်းမောင်းကြကွယ်"

"ဟုတ်ကဲ့အန်တီ"
"ဟုတ်ကဲ့မေမေ"
----------
"ဦး‌လေး အအေးနှစ်ခွက် အာလူးကြော်တစ်ဗူး"

"အအေးက ရေခဲမထည့်ပေးနဲ့ဉီးလေး"

"တစ်ဗူးထည့်ပေးပါဦးလေး"

"ယွန်းဝတီ!"
"မထည့်နဲ့ဦးလေး"

"ရှင်"
တဖက်ကဖျော်ရည်ဖျော်နေတဲ့ ဦးလေးကိုလည်းတား သူ့ကိုပါ အော်နေသည်မို့ လန့်သွားသည်။
"ပူနေတဲ့ ရာသီဥတုမှာ အရမ်းအေးတာမသောက်ရဘူးဆိုတာ နားမလည်ဘူးလား ဒီနားက လှည့်ပြန်ကြမလား"

"ဟို...မသောက်ဆိုလည်း မသောက်တော့ပါဘူး ရုပ်ရှင်တော့ ကြည့်ပါရစေနော်"

"ပြီးရော...မဆိုးလာနဲ့နော် မင်း""ဖြစ်နိုင်ရင် မင်းကို ရေပဲများများတိုက်ချင်တာ သူ့နေရာနဲ့သူမို့လွတ်ထားပေးတာ"

"ဟုတ်ကဲ့"
ရုပ်ရှင်ကြည့်ပြီးတော့ စားချင်တာတွေဝယ်ပြီး အိမ်ပြန်ခဲ့လိုက်သည်။
"ကလေးတွေ ပြန်လာကြပြီဟေ့ မေကြီးရေ"

"လာလာ ထမင်းစားတော့မလား"

"တော်ပြီ မေမေ ငယ်လေး ငါးကင်ဝယ်လာတာ အဲ့တာပဲစားတော့မယ်"

"ရတယ် အန်တီ သမီးပြင်ပေးလိုက်မယ်"

"အေအေ"
မေမေ့ရှေ့တော့ သူပြင်ပေးလိုက်မယ် အေးဆေးပြောပြီး မေမေလည်း မီးဖိုချောင်ထဲက ထွက်သွားရော...
"ငယ်လေး လာ ဒီမှာ ထမင်းပန်းကန် ကုန်အောင်စားရမယ်"

"ဟင်း ငယ်လေး မဆာဘူးလေ ငါးကင်ပဲစားချင်တာ"

"ထမင်းနဲ့မှ ရောမစားရင် ဘာကင်မှမစားနဲ့"
"---"
"ဘာရပ်ကြည့်နေတာလဲ စားလေ"

"ဟုတ်ကဲ့"
ဘူးခံငြင်းပြန်ရင်လည်း တုတ်က အချိန်မရွေးရောက်လာနိုင်တာမို့ မဆာလည်း ဝင်အောင် စားလိုက်ရသည်။

နောက်နေ့ မနက်အစောကြီးရှိသေးတယ်
"ရော့ ဒီနေ့ ဒီရေဗူးတွေ ကုန်အောင်သောက်"

"ဟင် အများကြီးပဲ"

"ညနေရေ‌ဗူးထဲ ရေတွေရှိနေသေးရင် ငါနဲ့အတွေ့ပဲ"
အဆိုးလေးက ရေသောက်အရမ်းပျင်းပါသည်။ သူ့မေမေက တသိတရ ခပ်တိုက်‌ရင်အောင် မဆာလို့ပါဆိုပြီး မသောက်ဘဲ နေသည်။ ဒီလိုရာသီ ကိုအံတုနိုင်ဖို့ဆို ရေတော့ မဖြစ်မနေသောက်ရပါလိမ့်မည်။
နည်းနည်းလေး ခြိမ်းခြောက်လိုက်မှ ဟုတ်ကဲ့ဆိုတဲ့ အဖြေပြန်ရသည်။
ရေသောက်နေကျ မဟုတ်တဲ့ ငယ်လေးအတွက် ဒီရေဗူး ၃ဗူးက ပင်လယ် ၃ခုစာလောက် ညီမျှပါသည်။ သောက်သလောက် မလျော့ဘူးလို့လည်း ထင်မိသည်။နေ့လည်လောက်ထိတောင် တစ်ဗူးမကုန်တာမို့ ရေချိုးခန်းထဲ ဝင်ပြီး တစ်ဗူးသွန်ပစ်လိုက်သည်။
"ငယ်လေး"

မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာWhere stories live. Discover now