32. အမှန်တရားအပိုင်းအစ

Mulai dari awal
                                    

ဒီကံဆိုးမှုတွေက ဆောနူးနန်းတွင်မှာရှိနေတာကြောင့်ဆိုပြီး စွပ်စွဲခံခဲ့ရတာ မနေ့တနေ့ကလိုပင်။

ယခုတော့မထင်မှတ်ထားချိန်မှာပဲ ထိုသူနှစ်ဦးက အတူရှိနေပြီးဆောနူးကတော့ ဂျောင်ဘူအင်ကိုဆေးကုသပေးဖို့ရောက်ရှိနေခဲ့ပြီ။

သိချင်စိတ်တွေကိုချုပ်တည်းကာ သမားတော်တစ်ယောက်ရဲ့တာဝန်ကိုအရင်ဆုံးလုပ်ဆောင်ရတော့သည်။

သွေးကြောစမ်းကာအခြေအနေကိုသုံးသပ်ကြည့်ပြီး ရောဂါလက္ခဏာများကိုမေးမြန်းပြီးသည့်နောက် လိုအပ်သည့်အပ်စိုက်ကုသမှုလုပ်ပေးကာ ဆေးညွှန်းတစ်ခါတည်းရေးပေးခဲ့လိုက်သည်။

အားလုံးပြီးစီးသည်အထိ နန်းတွင်းသူမှာ စိတ်နဲ့ကိုယ်မကပ်သလို တုန်လှုပ်နေသည်။

" မင်းက အဲဒီတုန်းက ရေတွင်းထဲ ခြေချော်ကျပြီးသေဆုံးသွားတဲ့ နန်းတွင်းသူ မှန်တယ်မလား ဂျောင်ဘူအင်ကရော ဘယ်လိုလုပ်ပြီးမင်းနဲ့အတူရှိနေတာလဲ"

ဆောနူးအမေးကြောင့် ထိုနန်းတွင်းသူမှာ ဒူးထောက်ချပြီး ခွင့်လွှတ်ပေးဖို့အသည်းအသန်တောင်းဆိုတော့သည်။

" ကျွန်တော်မျိုးမတို့နှစ်ယောက်ကိုခွင့်လွှတ်ပါအရှင့်သား
ဖြစ်နိုင်မယ်ဆိုရင် မတွေ့ခဲ့သလို ဟန်ဆောင်ပေးတော်မူပါအရှင့်သား "

လက်နှစ်ဖက်ကို လက်အုပ်ချီကာ ရှိခိုးမတတ်တောင်းပန်နေတဲ့နန်းတွင်းသူကို ဒူးထောက်ရာမှထစေပြီးနောက် ထိုင်ခုံပေါ်ထိုင်စေကာ သိချင်သည်များကိုစတင်မေးမြန်းတော့သည်။

" မယ်မင်းဖြစ်စေချင်သလိုမသိချင်ယောင်ဆောင်ပေးမှာမို့ ဘာလို့ သေဆုံးချင်ယောင်ဆောင်ခဲ့ရတာလဲဆိုတာ ပြောပြပေးပါလား "

ထိုနန်းတွင်းသူက သက်ပြင်းရှည်ကြီးကိုချကာ ခေါင်းငိုက်စိုက်လျက် ဖြစ်ကြောင်ကုန်စင် ပြောပြလာသည်။

" ကျွန်တော်မျိုးမနဲ့ ဂျောင်ဘူအင်က နန်းတွင်းကိုအတူဝင်ခဲ့ကြတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေပါ။

ကျွနိမတို့အသက်၈နှစ်မှာနန်းတွင်းစဝင်တော့ အရှင့်သားကိုမွေးဖွားတဲ့နှစ်ဖြစ်ပါတယ်။

Majestic Love Story In Dae Goguyeo Tempat cerita menjadi hidup. Temukan sekarang