"ဝမ်ပေါင်ပေ့"

"ဟုတ်ကဲ့ ကျွန်တော်နားထောင်နေပါတယ်ဗျ"

ရိပေါ်ကိုမားမားကခေါ်လာတာမို့ရိပေါ်ထူးလိုက်တယ်။

"အားကျန့်ဘာဘဲဆုံးဖြတ်ဆုံးဖြတ် သားကနားလည်ပေးရမယ်နော်"

မားမားကပြောပြီးခေါင်းကိုတစ်ချက်ပုတ်ရင်းထွက်သွားခဲ့တယ်။ ကျန့်ကောကဘာတွေဆုံးဖြတ်ဦးမှာမို့ရိပေါ်ကဘာတွေနားလည်ပေးရမှာလဲ။ အတွေးတွေကပဟေဠိပေါင်းများစွာနဲ့ရှုပ်ယှက်ခပ်နေသလိုရင်တွေလည်းပူပါတယ်။ အခုတလောမကြည်စင်တဲ့မျက်နှာက သူ့ကိုထားသွားဖို့၊နောက်တစ်ခါကျောခိုင်းပစ်ဖို့ဆုံးဖြတ်နေခဲ့တာတော့မဟုတ်ဘူးမလား။ ဒီတစ်ခါသာအကြာကြီးကျောခိုင်းသွားမယ်ဆိုရင်၊ဘာမှမပြောဘဲပျောက်ကွယ်သွားမယ်ဆိုရင်တစ်စတစ်စနဲ့သူရူးသွားလိမ့်မယ်ထင်တယ်။

~ဘာတွေတွေးနေသလဲ အချစ်ရယ်
ဒီတစ်ခါဆိုရင်တော့ကျွန်တော်သေလိမ့်မယ်~

---

မြို့ကလေးကိုရောက်တာသုံးရက်ရှိသွားပြီ။ ဒီအတောအတွင်းမားမားကကျန့်ကောကိုဟင်းတွေအများကြီးချက်ကျွေးတယ်။ မကြည်စင်ဘူးဆိုတာသိပေမယ့်မားမားရှေ့မှာခပ်ဖွဖွလေးပြုံးနေတတ်တဲ့ကျန့်ကောကြောင့် သူတွေးပူနေသမျှပျောက်ပါတယ်။ နည်းနည်းစိုးထိတ်နေတာကလွဲရင်ကျန့်ကောကအဲ့လောက်အသည်းမမာဖို့ဘဲမျှော်လင့်ပါတယ်။ မဟုတ်ရင်တော့သူတကယ်လဲကျသွားလိမ့်မယ်။

သုံးရက်ဆိုတဲ့ကာလအတွင်းမှာကျန့်ကောနဲ့သူနဲ့အများကြီးတွေ့ဖြစ်ကြပါတယ်။ ကျူးလစ်ခင်းအပြင်မြို့ငယ်လေးရဲ့မြို့ပတ်လမ်းအထိကျန့်ကောနဲ့ရောက်ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့်အလိုက်သိလွန်းတဲ့သူကကျန့်ကောမျက်နှာမကြည်တာတွေ့တော့ ချစ်စကားကိုဖွင့်ဟမပြောခဲ့သေးပါဘူး။ အဲ့ဒီလူမျက်နှာမလန်းပါဘူး။ ဒီလူ့ရင်မှာတော့နွမ်းပါတယ်။ ကျန့်ကောကမြိုသိပ်တတ်လွန်းတယ်။ ကွယ်ဝှက်ချင်လွန်းတယ်။ စိတ်ရှုပ်လာရင်ပြသနာရှာဖို့ပြောထားရဲ့သားနဲ့ကျန့်ကောကဝမ်ရိပေါ်ကိုလျစ်လျူရှုတယ်။ သိပ်ခက်ပါတယ်။

အနားမှာရှိနေပါတယ်ဆိုတာကိုတဖွဖွပြောထားရဲ့သားနဲ့ရှောင်းကျန့်ကနားမထောင်ပါဘူး။ အမြဲဥပေက္ခာပြုပြီးပဟေဠိတွေနဲ့အဆုံးသတ်တယ်။ ပိုးဖလံမျိုးမို့မီးကိုတိုးတာမဟုတ်ပေမယ့် ရှောင်းကျန့်မို့လို့ကိုဝမ်ရိပေါ်ကကပ်တွယ်ချင်နေခဲ့တယ်။ ကျောခိုင်းမသွားဖို့၊သူ့ကိုပစ်မချသွားဖို့ကိုတော့အဆုံးထိတောင်းဆိုနေဦးမှာဘဲ။ အခုဘာတွေစိတ်ညစ်ညူးနေလဲဆိုတာမသိပေမယ့်ခပ်ဖွဖွထွေးဖက်ပြီးတော့နှစ်သိမ့်ပေးချင်တယ်။ ဒါပေမယ့်ကျန့်ကောကလျို့ဝှက်ထားတော့လည်းဘာမှမတတ်နိုင်ပြန်ပါဘူး။

Came From Deepest SomewhereWhere stories live. Discover now