Chapter-19

81 4 0
                                    

အိမ်ပြန်လမ်းမှာခြေရာတွေထပ်လာတာနဲ့အမျှ အချိန်တွေကတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာတယ်။ အခန်းရဲ့ထောင်လေးထဲမှာလူမသိသူမသိပြိုလဲရင်း၊ စာအုပ်တွေကြားထဲမှာခပ်တိတ်တိတ်ကလေးဆွေးရင်း ရိပေါ်ကအချိန်တွေကိုဖြတ်သန်းခဲ့တယ်။ ဘယ်ဆီဘယ်ဝယ်ရယ်လို့ရေရေရာရာမသိပေမယ့် ပေကျင်းမှာဘဲတက္ကသိုလ်ဆက်တက်နေမလားပါဘဲ။ ရိပေါ်ကရူးတယ်။ ဒီလူကမထူးခြားပါဘဲနဲ့ကို ရိပေါ်ကအဲ့ဒီလူမို့ရူးတယ်။ နွေ၊မိုး၊ဆောင်းသုံးရာသီကာလတွေမှာပြန်မလာတော့တဲ့၊ထပ်နားခိုမလာတော့တဲ့ငှက်ကလေးက သစ်ကိုင်းကလေးကတိတ်တိတ်ကလေးလွမ်းနေသေးတယ်။ အစစအရာရာမှအဆင်ပြေရဲ့လား၊ရန်တွေဖြစ်နေသေးလား၊ အစားပုံမှန်စားရဲ့လားဆိုတာတွေစိတ်ပူပေမယ့် ငှက်ကလေးကိုထွေးပွေ့ခွင့်သူ့မှာမရှိပါဘူး။ ငှက်ကလေးကဆိုးပါတယ်။ တောင်ပံခတ်သံလည်းမပေးပါဘဲနဲ့ သစ်ကိုင်းကလေးကိုစွန့်ခွာသွားခဲ့တယ်။

ကျန့်ကောထွက်သွားပြီးတဲ့နောက်ပိုင်းမှာ ယင်းအားရီကကျန်းမာရေးမကောင်းတာမျိုးတွေခဏခဏဖြစ်လာတယ်။ အဲ့ဒီလိုအခါတိုင်း ယင်းအားရီအတွက်ယင်းအားရီခံတွင်းတွေ့လောက်မယ့်ဟင်းတွေကို မားမားကချက်ပြီးရိပေါ်ကိုသွားပို့ခိုင်းတတ်တယ်။ ကျန့်ကောထွက်သွားခါစအချိန်တွေ​တုန်းက တအားယိုင်နဲ့လာတဲ့ယင်းအားရီရဲ့စိတ်ကိုကုစားဖို့ မားမားကအတူလာနေဖို့ပြောပေမယ့် ယင်းအားရီကခါးခါးသီးသီးဘဲငြင်းပါတယ်။ ပြိုလဲလာတဲ့စိတ်ဓာတ်တွေ၊ဆိုးဝါးလာတဲ့ကျန်းမာရေးတွေမှာ ကျန့်ကောမရှိခြင်းဆိုတဲ့အကြောင်းပြချက်ဟာထုထည်ခပ်ကြီးကြီးပါဝင်နေကြောင်းကို ယင်းအားရီရော၊ရိပေါ်နဲ့မားမားပါသိပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကျန့်ကောကိုအပြစ်မြင်ဖို့မတွေးခဲ့ကြဘူး။ အားလုံးဟာဖွင့်ဟထုတ်မပြောခဲ့ရင်တောင် အရိပ်ပြာကလေးကိုကိုယ်ဆီချစ်ခဲ့ကြတာပါဘဲ။

ပြန်လာဖို့ရိပေါ်မမျှော်လင့်တော့ဘူး။ ထွက်သွားတယ်ဆိုတည်းကပြန်လာဖို့မှမဟုတ်တာ၊ကျောခိုင်းလိုက်တဲ့ခြေလှမ်းတွေဆိုတာဝေးကွာသွားဖို့သက်သက်ရည်ရွယ်မှန်း ရိပေါ်ကောင်းကောင်းသိလာတယ်။ အဲ့ဒီအစား မမျှော်လင့်တော့တဲ့အစား ရိပေါ်ကဘဲအဲ့ဒီအစ်ကိုကြီးကိုတွေ့အောင်ရှာဖို့တွေးပါတယ်။ ပြောစရာစကားတွေကျန်နေသေးတယ်ဆိုတာ အဲ့ဒီအစ်ကိုကြီးလည်းသိလိမ့်မယ်နဲ့တူပါတယ်။ မားမားကပြောတယ် 'အားကျန့်ကတစ်ချိန်ကျပြန်လာမှာပါ'တဲ့။ မားမားစကားကို အဲ့ချိန်တုန်းကခေါင်းညိမ့်ခေါင်းခါလည်းမလုပ်ခဲ့သလို ဘာမှလည်းပြန်မပြောခဲ့ဘူး။ ရိပေါ်ဘယ်လိုခံစားနေခဲ့ရလဲဆိုတာ အဲ့ဒီနေ့က အကြောင်းအရင်းမဲ့ပစ်ပေါက်ခံရတဲ့Apple Juiceဘူးတွေကတော့ သိရင်သိလိမ့်မယ်။ ရိပေါ်နာကျင်နေရပါတယ်ဆိုပြီးဘယ်သူ့ကိုမှရင်မဖွင့်ခဲ့ဘူးဆိုပေမယ့် အဲ့ဒီလူကျောပြင်ကိုမ​မြင်ရတဲ့နေ့ရက်တိုင်းဟာ စုတ်ဖြဲခံရတဲ့ရင်ဘတ်တစ်နေရာမှာတော့ပြသဒါးလို့နာမည်တပ်တယ်။

Came From Deepest SomewhereOnde histórias criam vida. Descubra agora