"လင်းဝေ့ သွားရအောင်
ပြီးရင်ပြန်တွေ့မှာဘဲဟာကိုများကွာသည်းလိုက်တာ"

ရိပေါ်ကပြောတော့ချင်းအာကိုတွတ်ထိုးနေတဲ့လင်းဝေ့ကလှည့်ကြည့်လာတယ်။

"မင်းကရည်းစားမှမရှိတာကွ ဘယ်နားလည်မလဲ"

ပြောအားရှိတဲ့လင်းဝေ့ကရိပေါ်ကိုနှိမ်တယ်။ လင်းဝေ့ကိုလက်ခလယ်ထောင်ပြလိုက်ချင်ပေမယ့်ချင်းအာရှေ့မို့မနည်းမျိုသိပ်လိုက်ရတယ်။ ပိတ်ရက်ပြန်တော့မယ်ဆိုတော့ချင်းအာကမနက်အစောကြီးတည်းကအဆောင်ကိုရောက်လာပြီးလင်းဝေ့နဲ့ဒရာမာခင်းနေတယ်။ ရိပေါ်ကတော့မျက်စိဒုက္ခခံစားလိုက်ရတာပေါ့။ ရိပေါ်ကဇွတ်ဆော်သြတော့မှလင်းဝေ့ကကားပေါ်ရောက်လာတော့တယ်။ ဒါတောင်အဆွေးမျက်လုံးနဲ့ချင်းအာကိုကြည့်ရင်းလက်ပြနေတုန်း။

စောသေးတယ်ဆိုပေမယ့်ပေကျင်းရဲ့မနက်ခင်းကလူတွေရော၊ကားတွေပါစည်ကားနေတယ်။ မြို့ငယ်လေးနဲ့တော့အများကြီးကွာပါတယ်။ မြို့ကလေးကကားမရှုပ်သလိုမနက်ခင်းဆိုရှင်းလင်းနေတတ်တာ။ ပေကျင်းကအစစအရာရာပြည့်စုံပေမယ့်ရိပေါ်ကတော့ကားသံမဆူတဲ့မြို့ငယ်လေးကိုတယုတယမြတ်နိုးရတုန်းပါဘဲ။ ပြီးတော့ကပ်ပါးကောင်လေးလိုကျန့်ကောကိုကပ်တွယ်ခဲ့ဖူးတဲ့အလယ်တန်းကျောင်းသားဘဝကိုလည်းသတိရတယ်။ ကျောင်းပိတ်ရက်တွေမှာပြန်လာပေးဖို့မဝံ့မရဲမှာခဲ့ဖူးတဲ့အထက်တန်းကျောင်းသားဘဝကိုလည်းလွမ်းပါတယ်။

ကျန့်ကောတို့ကွန်ဒိုရှေ့ရောက်တော့ကားလေးကထိုးရပ်သွားတယ်။ ကျန့်ကောကတော့အဝတ်ထည့်ထားပုံရတဲ့ဘေးလွယ်အိတ်အလတ်စားလေးနဲ့ကွန်ဒိုရှေ့မှာရပ်နေတယ်။ မနက်ခင်းရဲ့နေရောင်ခြည်လေးကတော့ ထုံးစံအတိုင်းအပြာနုရောင်ရှပ်ကလေးနဲ့ဘဲ။ ငြိမ်ငြိမ်ကလေးရပ်နေတဲ့ပုံစံကိုကြည့်ပြီးရိပေါ်ပြုံးမိတယ်။ ရှောင်းကျန့်ကတော့အချိန်တိုင်းချစ်စရာကောင်းနေတော့တာပါဘဲ။

"ကျန့်ကော ကားပေါ်တက်လေဗျာ"

ကားထဲကနေရိပေါ်ကခေါ်တော့ကျန့်ကောကခေါင်းတစ်ချက်ညိမ့်ပြရင်းတက်လာတယ်။ လင်းဝေ့ကိုကြည့်မိတော့ သကောင့်သားကဘယ်အချိန်နေရာရွှေ့သွားလဲမသိဘူး။ ဒရိုက်ဘာအစ်ကိုကြီးနဲ့အတူကားရှေ့ခန်းကိုရောက်သွားပြီ။ အနားရောက်လာတဲ့ကျန့်ကောဆီကခေါင်းလျှော်ရည်နံ့သင်းသင်းကလေးကိုရတယ်။ မနက်အစောကြီးကိုခေါင်းလျှော်လာတဲ့ပုံဘဲ။ ဒီအစ်ကိုကြီးကတော့လေ!။

Came From Deepest SomewhereWhere stories live. Discover now