လင်းဝေ့က သားသည်မိခင်ကြီးလိုဘဲတတွတ်တွတ်ပြောနေတယ်။ ရိပေါ်ကတော့ခေါင်းကိုသာဆက်တိုက်ခါနေရတယ်။

"ကိစ္စမရှိဘူး မလိုဘူး"

ရိပေါ်စကားကြောင့် လင်းဝေ့ကသက်ပြင်းကိုအကျယ်ကြီးချတယ်။

"ဒီမှာဖေ့သား ဖေပြောပြမယ် သေချာနားထောင်"

အရေးကြီးစကားပြောတော့မယ့်ပုံစံမျိုး၊ ဆရာကကျောင်းသားကိုဆုံးမတော့မယ့်ပုံစံမျိုးနဲ့လင်းဝေ့ကအတည်ကြီးပြောတယ်။ ရိပေါ်ကတော့'ပြော'ဆိုတဲ့သဘောနဲ့မေးငေါ့ပြလိုက်တယ်။ ဒီသကောင့်သားဘာတွေပေါက်ကရပြောဦးမယ့်မသိ။

"မင်းကမလိုဘူးဆိုရင်တောင် စီနီယာရှောင်းကျန့်ကိုချစ်တဲ့ဝမ်ရိပေါ်ကတော့လိုတယ်"

စီနီယာအစ်ကိုကြီးအကြောင်းပါတော့ ရိပေါ်ရင်ထဲလှိုက်ခနဲဖြစ်သွားတယ်။ လင်းဝေ့ကတော့ဆရာကြီးစတိုင်နဲ့ဆက်ပြောတယ်။

"မင်းသိတဲ့အတိုင်းစီနီယာရှောင်းကျန့်ကချောတယ်ကွာ ပြီးတော့တက္ကသိုလ်ရောက်ပြီဆိုတာနဲ့အတော်များများကရည်းစားရကုန်ကြတာဘဲလေ ကဲ! မရဘူးဘဲထား ကလေးပုံစံပေါက်နေတဲ့မင်းကိုသူကဘယ်အားကိုးချင်ပါ့မလဲ မင်းကချောမောသန့်ပြန့်နေမှသူသတိထားမိမှာပေါ့ ပြန်တွေ့ဖြစ်တဲ့အခါကျအရင်လိုကလေးပုံစံကြီးကသိပ်အဆင်မပြေဘူးကွ
တော်ကြာကလေးမုန့်ပေးကြိုက်သလိုဖြစ်နေမှာပေါ့"

လင်းဝေ့ကစကားအရှည်ကြီးပြောပြီးမှမောနေတဲ့ပုံစံနဲ့အသက်ကိုလုရှူနေတယ်။ ရိပေါ်ကတော့တစ်ယောက်တည်းအတွေးကမ္ဘာထဲမှာချာချာလည်နေတုန်း။ သူ့ကျန့်ကောကပြန်တွေ့ဖြစ်တဲ့အခါ ကလေးတစ်ယောက်လိုမြင်နေမှာမျိုးတော့ရိပေါ်မလိုချင်ပါဘူး။ ပြီးတော့တက္ကသိုလ်မှာအတော်များများကရည်းစားရသွားကြတယ်ဆိုတာမျိုးကဖြစ်နိုင်ပေမယ့် ကျန့်ကောကတော့မရဖို့ဘဲရိပေါ်မျှော်လင့်ပါတယ်။ အကယ်၍ရသွားလည်းရိပေါ်ဘာမှမတတ်နိုင်ဘူး။ ရိပေါ်ကအဝေးကချစ်ရုံပါဘဲ။ ဒါပေမယ့်ဘယ်လိုဘဲဆိုဆိုစီနီယာအစ်ကိုကြီးကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ရိပေါ်ကလင်းဝေ့စကားကိုခေါင်းညိမ့်ခဲ့တယ်။

Came From Deepest SomewhereWhere stories live. Discover now