မားမားကခပ်ဆွေးဆွေးလေးပြောနေတယ်။ တတွတ်တွတ်ထုတ်မပြောပေမယ့် မားမားလည်းယင်းအားရီကိုလွမ်းနေခဲ့မှာပါဘဲ။ ရိပေါ်လည်းယင်းအားရီကိုလွမ်းပါတယ်။ အရင်လိုအပြုံးတောက်တောက်ပပတွေလည်းပြန်မြင်ချင်သေးတယ်။ စီနီယာအစ်ကိုကြီးကိုတော့အများကြီးပိုလွမ်းပါတယ်။ တစ်ခါတစ်လေ မိုးတွေများခပ်ဖွဲဖွဲကျလာတဲ့အခါ အဲ့ဒီနေ့က၊ကျောခိုင်းသွားတဲ့နေ့က ရိပေါ်စိုးရိမ်တကြီးမှာခဲ့သလိုဆေးမှသောက်ဖြစ်ရဲ့လားတွေးရင်း ပူပင်တတ်သေးတယ်။

~Ring~Ring~Ring~

မနက်စာစားနေရင်း အိမ်ဖုန်းကထမြည်တာကြောင့် မားမားကဖုန်းကိုင်ဖို့ထသွားတယ်။ ရိပေါ်ကတော့ဖုန်းလာတယ်ဆိုတဲ့အခါတိုင်း စီနီယာအစ်ကိုကြီးများလားဆိုပြီး မသိစိတ်ကရော၊သိစိတ်ကပါမရဲတရဲမျှော်လင့်နေတတ်သေးတယ်။ ဒါပေမယ့် ဘယ်တုန်းကမှရိပေါ်မျှော်လင့်ချက်တွေမပြည့်ဝခဲ့ပါဘူး။

'ရှိတယ် သား
ရိပေါ်မနက်စာစားနေတာ'

အရသာမပါတဲ့ပေါင်မုန့်ကိုဝါးနေရင်းက မားမားအသံကိုနားစွင့်မိတယ်။ ရိပေါ်ကိုမေးတယ်ဆိုတော့ဘယ်သူများလဲ။ မဟုတ်မှအဲ့ဒီအစ်ကိုကြီးများစိတ်ရူးပေါက်ပြီး!..။

"လင်းဝေ့တဲ့ ဝမ်ပေါင်ပေ့
အရေးကြီးတယ်တဲ့"

သူ့ဘက်ကိုလှမ်းပြောလာတဲ့မားမားစကားကြောင့် ရိပေါ်ရဲ့မျှော်လင့်ချက်နွယ်ပင်လေးကဓားနဲ့ဖြတ်ချလိုက်သလိုတိခနဲဘဲ။ ဒါပေမယ့်ဒါကမထူးဆန်းတော့ပါဘူး။ တစ်ခါဘဲဖြစ်ဖူးတာမှမဟုတ်တာ။

ဝါးလက်စပေါင်မုန့်ကိုကုန်အောင်ဝါးလိုက်တယ်။ မဟုတ်ရင်သကောင့်သားကပေါက်ကရပြောနေဦးမှာ။ အနားရောက်လာတဲ့ရိပေါ်ကို မားမားကဖုန်းလွှဲပေးပြီးထွက်သွားတယ်။

'ဘာအရေးကြီးနေတာလဲ ပြော'

မျက်မှန်ကိုင်းလေးကိုပင့်တင်လိုက်ရင်း ရိပေါ်ခပ်ပြတ်ပြတ်ပြောလိုက်တယ်။

'ဖေ့သားရေ ဒီသတင်းကောင်းကိုသယ်ဆောင်လာပေးတဲ့ဖေ့ကိုဘယ်လိုကျေးဇူးဆပ်မှာလဲပြောစမ်း ဖေ့သားသာဆိုစောစောစီးစီးသိရမှာမဟုတ်တာတော့အမှန်ဘဲ'

Came From Deepest SomewhereWhere stories live. Discover now