အပူလောင်မထားတဲ့ ၀န်ဘင်းရဲ့ လက်တစ်ဖက်ကိုသာကိုင်လိုက်ပြီး ၀န်ဘင်းအခန်းထဲသို့သာ အန်တွန် ၀င်လာခဲ့လိုက်လေသည်။
အခန်းထဲရောက်တာနဲ့ မီးဖိုဆောင်ဆီသို့ဆွဲခေါ်ခံလာရပြီး ဘာမှမပြောမဆိုနဲ့ ဘေစင်ကရေပန်းကိုဖွင့်ကာ အပူလောင်ထားသောလက်ကို ရေနဲ့အရင်သန့်စင်ပေးလိုက်သည်။
"ဆေးသေတ္တာဘယ်မှာလဲ"
"ဟမ်"
"လက်ကိုဆေးလိမ်းဖို့လေ အပူလောင်ရင်လိမ်းတဲ့ဆေးရှိတယ်မလား အဲ့ဒါဘယ်မှာလဲလို့မေးနေတာ"
"အာ...ဧည့်ခန်းကစားပွဲအံဆွဲထဲမှာရှိတယ်"
"ဒါဆို လာ"
ကိုင်ထားတဲ့လက်ကို မလွှတ်ပေးသေးပဲ ဧည့်ခန်းဆီသို့ဆွဲခေါ်ခံလာရပြန်သော ပတ်၀န်ဘင်းပါ။
•ဒီအခန်းက ငါ့အခန်းလား သူ့အခန်းလား မသဲကွဲတော့ဘူး• ဆိုပြီးသာ ၀န်ဘင်း စိတ်ထဲပြောနေမိတော့သည်။
အန်တွန် ဆေးသေတ္တာထဲက လိမ်းဆေးဘူးအကြည်လေးကိုထုတ်လိုက်ကာ ၀န်ဘင်းရဲ့အပူလောင်ထားတဲ့လက်ကို ဆေးလိမ်းဖို့ကြည့်လိုက်တော့ အပူလောင်ထားတဲ့လက်ကအရည်ကြည်ဖု သေးသေးလေးတွေ ထနေလေပြီ။ဒါကြောင့် ဖိမလိမ်းပဲ ဆေးကိုဖွဖွလေးသာ လိမ်းနေရသည်။
"ဘယ်လိုဖြစ်ရတာလဲ မီးဖိုချောင်တစ်ခုလုံးလည်း ဗြောင်းဆန်နေတာပဲ မလုပ်တတ်ရင်မလုပ်ပါနဲ့လား မီးလောင်ရင် ဘယ်လိုလုပ်မလဲ "
"ဟင်းချက်နေတုန်း ငါ့အမေဆီကဖုန်းလာလို့ ဖုန်းပြောတယ် ဖုန်းမပြောခင် ကြက်သားကြော်ထားတဲ့အိုးကို ငါသေချာမီးပိတ်ခဲ့တာပဲလေ ရေနွေးအိုးကတော့ တကယ်မေ့သွားတာ
တမင်လုပ်တာမှမဟုတ်ပဲ သူ့ဘာသာဖြစ်တဲ့ဟာကို ငါကဘယ်လိုလုပ်ရမှာလဲ""တမင်လုပ်တယ်လို့ရော ပြောလို့လား ငါကမင်းကို ဟမ်!! ပတ်၀န်ဘင်း"
"ပတ်၀န်ဘင်း ပတ်၀န်ဘင်း နဲ့ခေါ်ပြီး ဆရာလာလုပ်မနေနဲ့ ဒီလောက်ရင်းနှီးတာလဲမဟုတ်ဘူး သူငယ်ချင်းလည်းမဟုတ်ပဲ
လူကိုလာပြောနေတာ မကြိုက်ဘူး""မင်း!!! စေတနာနဲ့မတန်လိုက်တာ"
"ဘယ်သူကငါ့အပေါ်မင်းကို စေတနာထားခိုင်းနေလို့လဲ အန်တွန်လီရဲ့
တကယ်ပဲ စိတ်ညစ်လာပြီ"