အပိုင်း [ 4 ]

124 6 0
                                    

Guitar🎸 Class တွင်
"ကျောင်းကစီစဉ်ပေးတဲ့ ခရီးစဉ်ကိုလိုက်မယ့် သူတွေက နာမည်နဲ့လိုက်မယ့် နေရာကို Wonbinဆီမှာ စာရင်းလာပေးလိုက်ကြပါ"

"ပြီးရင် အဲ့စာရင်းကို ဆရာ့ဆီလာပေးနော်"

"ဟုတ်ကဲ့"

Guitar Classရဲ့Mainဆရာ ဦးဂျွန်ကောင်းက Wonbinကိုတာ၀န်ပေးသွားပါတယ်။

တခြားclassတွေက mainဆရာ၊ဆရာမတွေက သူတို့တာ၀န်ပေးချင်တဲ့သူကို တာ၀န်ပေးကြလေသည်။

Vocal Classရဲ့ စာရင်းကောက်တာ၀န်ကို လက်ခံရသူက SoHee။

"ဘယ်သူလာပေးအုန်းမှာလဲ ပြီးပြီဆိုရင်
ဆရာ့ကို စာရင်းသွားပေး‌ပြီနော် "

"ပြီးပြီထင်တယ် စာရင်းသွားပေးလိုက်တော့ ဆိုဟီး"

"အွန်း သွားပေးလိုက်တော့မယ်"

Music Major ရဲ့ ဆရာ၊ဆရာမတွေအားလုံးက ရုံးခန်းတစ်ခုထဲ၌ ကိုယ်ပိုင်နေရာတွေနဲ့ စုဝေး၍နေကြတာဖြစ်သည်။

ထိုရုံးခန်းရှေ့တွင်

‌"ဒေါက် ဒေါက် ဒေါက်!!!" တံခါးခေါက်သံ
"၀င်ခွင့်ပြုပါ ခင်ဗျ"

"၀င်ခဲ့ပါ"

Wonbinအထဲကို၀င်ဖို့ တံခါးဖွင့်ရန်ပြင်နေစဉ် အမောတကော‌နဲ့စာရင်းစာရွက်ကိုင်ကာ ပြေးလာသော ဆိုဟီး ...

"ဟေးးး ခဏ ခဏ ငါနဲ့အတူတူထဲ၀င်မယ်လေ"

"အမ်..အွန်း အွန်း လာလေ"

Wonbin ပထမတော့ ကိုယ်နဲ့လည်းမသိပဲ ရင်းနှီးသလိုပြောတဲ့ သူကြောင့် အနည်းငယ်တော့ ကြောင်သွားမိသေးသည်။

သူတို့နှစ်ယောက် အခန်းထဲရောက်တော့ Guitar Class ဆရာ ၊ Vocal ဆရာ နဲ့ Cello ဆရာ သုံးယောက်သာရှိသည်။ ဘယ်ဆရာက ဘယ်classကဆရာလဲဆိုတာ သိနေရခြင်းက ဆရာတွေရဲ့ ကိုယ်ပိုင်စားပွဲခုံအပေါ်မှာ ဖန်ပြားအကြည်ပေါ်မှာနာမည်နဲ့Class  ကိုရေးထား‌သော ပစ္စည်းကို တင်ထားကြသောကြောင့်ဖြစ်သည်။ သူတို့နှစ်ယောက်သက်ဆိုင်ရာဆရာတွေဆီကို စာရင်းကောက်ထားတဲ့စာရွက်ကို ပေးခဲ့လိုက်ပြီး အခန်းပြင်ကို နှစ်ယောက်အတူတူပြန်ထွက်လာခဲ့လိုက်သည်။

ဒီအတိုင်းအခန်းကိုအပြန်လမ်းလျှောက်ရင်း မိတ်ဆွေဖွဲ့စကားအနည်းငယ်ပြောမိကြသေး ၏။

𝐅𝐚𝐥𝐥𝐢𝐧𝐠 𝐈𝐧 𝐋𝐨𝐯𝐞Where stories live. Discover now