"ဟုတ်၊ အာ့ကြောင့် ဒေါ်ကြီးဝင်းကိုချစ်နေရတာ။"
ငရုတ်သီးဆို စပ်စပ်လေးမှ ကြိုက်သည့် ရေးရီက ရံဖန်ရံခါ ဗိုက်အောင့်တတ်တာမျိုးရှိနေရင်တောင် ဂရုမစိုက်ဘဲ စားတတ်သေးသည်။ ခုလည်း ဒေါ်ကြီးဝင်းထည့်ပေးသွားသည့်အပြင်ကိုမှ ငရုတ်သီးမှုန့်တွေထပ်ထည့်တာမို့ အုန်းနို့ခေါက်ဆွဲက အနီရောင်ဘက်သို့တောင် သမ်းနေလေပြီ။
"ဟယ် ဒီကလေး ငရုတ်သီးတွေအများကြီးစားပြန်ပြီ။ ဗိုက်အောင့်မယ်နော် ရေး။"
ဒေါ်ဖူးငုံက ကော်ဖီကရားလေး စားပွဲပေါ်လာတင်ရင်း ရေးရီကို ဆူသည်။
"မအောင့်ပါဘူး တီလေးရဲ့။ တီလေးတို့ရော စားပြီးပြီလား"
"အစောကတည်းက မမပိုးနဲ့စားလိုက်ပြီ။ဟော်.. ဆရာဝန်လာပြီထင်တယ်။"
ထမင်းစားခန်း၏မှန်ပြတင်းတွေကတစ်ဆင့် ဆင်ဝင်အောက် ကားဝင်လာသည်ကို လှမ်းတွေ့လိုက်သည်မို့ ဒေါ်ဖူးငုံက ရေရွတ်သည်။ ဆေးထိုးရမှာ တော်တော်လေးကို ကြောက်တတ်သည့် သမ္ဘာ့ကို တွေးမိသွားသည့်တစ်ခဏ ရေးရီ လှစ်ခနဲပြုံးရင်း ဟင်းရည်ကို မြန်မြန် ခပ်သောက်ပစ်လိုက်သည်။
"အဟွတ်.. ဟွတ်.. ဟွတ်.."
"သီးပြီ.. ဒီကလေးနှယ် ငရုတ်သီးတွေ အများကြီး မစားပါနဲ့ပြောတာကို"
ဒေါ်ဖူးငုံက ခပ်မြန်မြန်ပင် ရေတစ်ဖန်ခွက် ခပ်ပေးသည်မို့ ရေးရီ အမြန်သောက်လိုက်ရသေးသည်။သူများအပေါ် မကောင်းသည့်စိတ်ကလေး ပုစိလေးမွေးမိရုံရှိသေး.. ချက်ချင်းကို တန်ပြန်ခံစားရသေးသည်။
"ကျွန်တော် သမ္ဘာ့ကို သွားကြည့်လိုက်ဦးမယ်နော် တီလေး"
ထမင်းစားခန်းထဲက မြန်မြန်ထွက်လာပြီး ဧည့်ခန်းထဲရောက်လာပြီဖြစ်သည့် ဆရာဝန်၏ ဆေးအိတ်ကလေးကို လွှဲယူလိုက်ရင်း သမ္ဘာ့အခန်းဘက် ဦးတည်ခေါ်လာခဲ့သည်။ မိသားစုဆရာဝန်ပေမို့ ရေးရီကိုလည်း သိနေသည့်ဆရာက ပြုံးပြနှုတ်ဆက်သည်။
"အဲ့ဒါကြောင့် မေမေ ပြောတာလေ။ အလုပ်ကို တအားမလုပ်ပါနဲ့လို့။ အလုပ်ပန်းထားတော့ မိုးနည်းနည်းမိတာနဲ့ ဖျားရောပေါ့ သားရယ်။ ပြီးရင် မင်းက ဆေးလေး တစ်ခါထိုးဖို့ကိုလည်း.."
YOU ARE READING
ချစ်အတွက် မနက်ဖြန်
Non-Fictionအချိန်တွေနောက်ပြန်လှည့်လို့ရရင် ငါ မင်းကို နောက်တစ်ကြိမ် ပြန်ချစ်မိမှာလား....
အပိုင်း-၇
Start from the beginning