171. တော်ဝင်ညီအစ်ကိုများ

Start from the beginning
                                    

"ကောင်မလေး ၊ မင်းကဘာလို့ဒီလောက်နှုတ်သွက်နေတာလဲ ၊ တို့က စကားတစ်ခွန်းပဲပြောပြီး မင်းက စကားစပြောတာမရပ်တော့ဘူး ။ ဒီလိုပုံစံနှင့် မင်းကို ဘယ်သုက လက်ထပ်ဝံ့မှာလဲ  " တော်ဝင်မင်းသမီးက ပြုံးပြုံးကြီး နဲ့ ကြိမ်းမောင်း လိုက်သဘ် ။ ထို့နောက် သူမ၏အကြည့်သည် ဖန်ယုလန်၏နောက်မှဝင်ရောက်လာသော မို့ရွှီတုန်းဆီသို့ရောက်သွားသည်။

သူမအကြည့်တွေက ရုတ်တရက်အေးခဲသွားပြီး နွေးထွေးလာပြန်တယ်။ သူမ၏ပုံစံသည် ဒေါသဖြစ်ခဲ့သည့် ထိုနေ့နှင့် လုံးဝမတူတော့ပေ။

"အရှင်မင်းသမီး ၊ ကျုပ်လက်ထပ်မှာမဟုတ်ဘူး ၊ ကျုပ် နောက်နှစ်ပေါင်းများစွာအထိ မင်းသမီးကို အလုပ်အကျွေးပြုမယ် " ပိုင်လင်းက လန့်သွားပြီး မထွက်ခွာသွားခင် ပြန်ဖြေလိုက်သည် ။

ဖန်ယုလန်သည် သဘာဝအတိုင်း နှုတ်ဆက်ပြီး ဘေးနားရှိ နန်မူးထိုင်ခုံကြီးတစ်ခုပေါ်တွင် ထိုင်လိုက်သည်။

မို့ရွှီတုန်းသည် ခေါင်းငုံ့ကာ မင်းသမီးလေးအား ရိုသေစွာ နှုတ်ဆက်လိုက်သည် ။ "မင်္ဂလာပါ အရှင်မင်းသမီး"

"တတိယမြောက်သခင်မလေးမိုနဲ့ မကြာခင်မှာ ပြန်ဆုံတွေ့နိုင်မယ်လို့ တို့မမျှော်လင့်ထားမိဘူး ၊ မင်းက နန်းတော်ထဲရောက်နေပြီး။ အဆင်ရောပြေရဲ့လား" မင်းသမီးရဲ့ နှုတ်ခမ်းတွေက မို့ရွှီတုန်းအား မတ်တပ်ရပ်ဖို့ လက်ဟန်ပြပြီး မင်းသမီးရဲ့ နှုတ်ခမ်းတွေက အပြုံးချီလိုက်ပါတယ်။  သူမသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာပုံပေါက်သည်။

"မင်းသမီး ရဲ့စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ။ တို့နေကောင်းနေပါတယ်" မို့ရွှီတုန်းက ညင်သာစွာပြန်ဖြေတယ်။

"တိမ်တိုက်မြို့ မှာတွေ့ဆုံခဲ့ပြီး မင်းရဲ့သစ်ခွကို တို့လက်ခံခဲ့တယ် ၊ မင်းအနာဂတ်မှာ အားလပ်တဲ့အချိန် နန်းတော်ကို လာလည်ခဲ့ပါ ၊ ဒီနန်းတော်က လူများ လာရောက်လည်ပတ်မှု နည်းပါးပြီး တိတ်ဆိတ်ငြိမ်သက်နေတာမို့ အတော်လေးအဆင်ပြေပါတယ် " မင်းသမီးက ညင်ညင်သာသာ ပြုံးပြပြီး ငယ်ရွယ်နုပျိုတဲ့ မျက်နှာပေါ်မှာ ရိုးသားတဲ့ အပြုံးတစ်ခု ပေါ်လာခဲ့သည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now