"ကောင်းတယ် ကောင်းတယ် အချင်းချင်းမှီခိုလို့ရတာပေါ့"
"ဟုတ်တယ် မေမေ"
ကျွန်မလည်း ကိုယ့်မြို့ကိုယ်ရောက်တုန်း မစားရတာ ကြာတဲ့ အစားအသောက်တွေ သွားစား သူငယ်ချင်းတွေဆီ သွားလည်လိုက်နဲ့ အချိန်ဖြုန်းနေလိုက်သည်။ တချို့နေ့တွေတော့ မေမေနဲ့ မီးဖိုချောင်ထဲ ချက်ပြုတ်ကူညီပေးသည်။ မေမေကလည်း အပြန်ယူသွားဖို့ အခြောက်အခြမ်းနည်းနည်းပါးပါး ကြော်ပေးသည်။
-----
"ဖေဖေ ငယ်လေးကို မုန့်ဖိုးပေးဦး"
"ဘာလုပ်စရာရှိလဲ ငယ်လေး"
"ဒီတိုင်းမုန့်ဝယ်စားဖို့"
"ဖေဖေ ယုံတယ် ငယ်လေးက ကိုယ့်ဘာသာ ထိန်းနိုင်တယ်ဆိုတာ ရော့... တလစာ ယူထားလိုက်နော်"
တအိမ်လုံးမှာ မေမေက အချစ်တတ်ဆုံးဆိုရင် ဖေဖေက အလိုလိုက်ဆုံးဖြစ်လိမ့်မည်။ အငယ်ဆုံးသမီးလေးကို တချက်မျက်နှာမပျက်ရအောင် အပြည့်အဝ ထောက်ပံ့ပေးကြသည်။ အကိုနဲ့အမ ကတော့ ချစ်တာလား စ,စရာ အကောင်လေးတစ်ကောင်လို သဘောထားသလား မသေချာပါ။
တကယ်တမ်း အထိန်းအချုပ်မရှိတော့လည်း ဘာမှမလုပ်ချင်နေပါ။ သူငယ်ချင်းတွေက မိသားစု ခရိးသွားကြတော့ ပို ပျင်းဖို့ ကောင်းနေသည်။ဒါပေမယ့် အချိန်တပတ်က ခဏလေးနဲ့ ကုန်သွားခဲ့သည်။
"မနက်ဖန် မင်းတီချယ် ပြန်လာမယ် ကြားတယ်နော် ငယ်လေး"
"ဟုတ် အားလုံးအဆင်သင့်ပါ"
"ဘာကိုလဲ ငယ်လေး"
"ဪ...စာတွေလုပ်ပြီးပြီပြောတာပါ"
"အေးအေး တော်လာပြီ မင်းတီချယ်ကျေးဇူး အပိုးကို ကျိုးနေရော"
"မေမေနော်"
ဖေဖေကတော့ သားအမိနှစ်ယောက်ပြောစကားကို ခေါင်းတညိတ်ညိတ်ဖြင့်သာနားထောင်သည်။
ညနေစာ ထမင်းစားဝိုင်းတွင်တော့...
"သားကြီး...အလုပ်တွေအဆင်ပြေရဲ့လား"
"ပြေပါတယ် ဖေဖေ အလုပ်ရှင်တွေကလည်း သဘောကောင်းတယ်"
"သမီးလတ်ရော ကျောင်းကစာတွေများနေပြီလား"
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......
Part-2
Start from the beginning