"စီနီယာအစ်ကိုကြီး ကျွန်တော်ထိုင်လို့ရမလားဗျာ"

သိပ်မကျယ်တဲ့အသံနဲ့ရိပေါ်မေးလိုက်တော့ ဂစ်တာကိုစိတ်ရောက်နေတဲ့ကျန့်ကောကမော့ကြည့်လာပြီး မျက်ဝန်းလေးတွေခဏဝိုင်းသွားတယ်။ သူရောက်လာတာကိုအံ့သြသွားတဲ့ပုံစံပေါ့။ ရူးလောက်အောင်စွမ်းတဲ့အကြည့်ဆိုတာ ကျန့်ကောမျက်ဝန်းတွေကိုပြောတာဖြစ်မယ်။ ခဏမြင်ရရုံနဲ့မာနတွေခဝါချပစ်ချင်စရာ။

"အင်း"

ဒန်းကလေးရဲ့လွတ်နေတဲ့နေရာကိုညွှန်ပြရင်း ကျန့်ကောကပြောပါတယ်။ ဒန်းကလေးကလည်းအပြာ၊ ကျန့်ကောဝတ်ထားတာကလည်း jeanအပြာနဲ့ရှပ်လက်ရှည်အပြာစင်းလေး။ အဖြူရောင်စပို့ရှပ်ကိုအောက်ကနေခံဝတ်ထားတာမို့ လေတိုက်လိုက်တိုင်း ရှပ်လက်ရှည်ပြာလွင်လွင်ရဲ့အနားစတွေကတလွင့်လွင့်။

"မားဆီလာတာဆိုရင်တော့ မားကဟိုဘက်မှာ"

ဂစ်တာကိုဟိုကိုင်ဒီကိုင်လုပ်နေတဲ့စီနီယာအစ်ကိုကြီးက ပန်းပင်ရေလောင်းနေတဲ့ယင်းအားရီရှိရာကို လက်ညှိုးထိုးပြတယ်။ စီနီယာအစ်ကိုကြီးဟာလေတကယ့်ငတုံးလေး။ ဝမ်ရိပေါ်လာတာ ရှောင်းကျန့်ဆီကိုဘဲတည့်တည့်လာတာကိုမသိချင်ယောင်များဆောင်နေသလား။

"ကျွန်တော်ဒီကိုလာတာ စီနီယာအစ်ကိုကြီးဆီကိုမဟုတ်လို့ဘာများဖြစ်နိုင်သေးလို့လဲဗျာ"

မဝံ့မရဲစွာဝမ်ရိပေါ်ပြောတော့ စီနီယာအစ်ကိုကြီးက ရိပေါ်ကိုတစ်ချက်ကြည့်တယ်။

"အင်း ဘာကိစ္စရှိလို့လဲ"

"ကျောင်းနောက်ဆုံးနေ့က ကျွန်တော်ယူဝတ်ထားတဲ့စီနီယာအစ်ကိုကြီးရဲ့အဝတ်အစားတွေလာပို့တာပါ"

စက္ကူသားအိတ်အညိုလေးကိုချပေးရင်း ရိပေါ်ပြောလိုက်တယ်။ စီနီယာအစ်ကိုကြီးကတော့ သိပ်စိတ်ဝင်စားပုံမပေါ်ပါဘူး။

"ဒါနဲ့ မင်းဂစ်တာတီးတတ်လား ဝမ်ရိပေါ်"

"မတီးတတ်ဘူးဗျ"

ကျန့်ကောရဲ့အမေးကို မတုံ့မဆိုင်းငြင်းတော့ ကျန့်ကောရဲ့မျက်ခုံးနက်နက်လေးတွေက နည်းနည်းကျုံ့သွားတယ်။

Came From Deepest SomewhereWhere stories live. Discover now