"ဟေး...ကျူးရွယ် ဖုန်းနံပါတ်ပေးဦး"

"ငါ့ကိုမေ့မသွားနဲ့နော်"

စတဲ့,စတဲ့စကားသံတွေဟာ အခန်းထဲမှာပွက်လောရိုက်နေတယ်။ မိန်းကလေးတွေဟာ သိပ်ပိုတယ်လို့ ရိပေါ်​မြင်ပါတယ်။ လပိုင်းလောက်လေးခွဲရတာကို တသက်လုံးပြန်မတွေ့ရတော့မယ်လူတွေလိုမျိုး ငိုတဲ့သူကငို၊ယိုတဲ့သူကယိုနဲ့ အုပ်စုလိုက်ကလေးတွေ ဟိုတစ်စု၊ဒီတစ်စု။

"ရိပေါ် စာမေးပွဲဖြေနိုင်လား
အာ မဟုတ်ဘူး မင်းကဖြေနိုင်မှာ"

မျက်နှာငယ်လေးနဲ့လင်းဝေ့က စာအုပ်တွေပြန်သိမ်းနေတဲ့ရိပေါ်နားကို လာထိုင်ရင်းမေးတယ်။ မျက်နှာလေးကဇီးရွက်လောက်နဲ့။

"မင်းကမဖြေနိုင်ဘူးလား"

"အောင်တော့အောင်မှာပါကွာ"

သံဝေဂရနေတဲ့ပုံစံနဲ့လင်းဝေ့ကပြောတယ်။ ဒီငနာ့မျက်နှာကအမျိုးမျိုး။ ခုနကမိုးပြိုနေတဲ့ရုပ်နဲ့၊ အခုကျအာသဝေါကုန်ခမ်းနေတဲ့ရဟန္တာရုပ်မျိုး။

"တို့တော့ ကျောင်းတွေပိတ်ရင် ရိပေါ်ကောကောကိုအရမ်းလွမ်းနေမိတော့မှာဘဲ"

လာပြီ။ လင်းဝေ့ရဲ့မျက်နှာဖုံးကွာကျသွားတဲ့မျက်နှာအစစ်။ ပြီတီတီမျက်နှာပေးနဲ့လင်းဝေ့က ရိပေါ်အနားတိုးကပ်ပြီး ကနွဲ့ကလျပြောလာတယ်။

"ရိပေါ်ကောကောရော တို့ကိုလွမ်းနေမယ်မလားဟင် တို့ကိုမေ့မသွားရဘူးနော် တို့ကိုသာ ရိပေါ်ကောကောမေ့သွားရင်လေ တို့သေသွားမှာ"

"သေလေ ခွေးသားရဲ့"

'တို့'ချင်းထပ်အောင်ပြောနေတဲ့ လင်းဝေ့ဆိုတဲ့ကောင်ကို တနင့်တပိုးချိုချိုသာသာပြောလိုက်တော့ လင်းဝေ့က မိန်းကလေးတွေဝမ်းနည်းသွားသလိုမျက်နှာငယ်ရင်း မျက်စောင်းတစ်ချက်ထိုးတယ်။

"ခုတော့ တို့ကိုပစ်ပြီပေါ့
အသည်းနှလုံးမရှိတဲ့လူကြမ်းကြီး လူစိမ်းကားကြီး"

ဒီမျက်နှာရူးကို ရိပေါ်ဘာမှကိုပြန်မပြောဖြစ်။ ပုံမှန်ဆို ခုနကလိုအသုံးမျိုးကိုတောင် ရိပေါ်မသုံးဖြစ်ပါ။ လင်းဝေ့က ပြောမနာဆိုမနာမို့သာဒီလိုတွေပြောဖြစ်တာ။ ဒါကိုတောင့် သကောင့်သားလေးက 'ဝမ်ရိပေါ်က ငါ့ကိုဘဲဆဲတာ'ဆိုပြီး ဂုဏ်ယူနေသေးတယ်။

Came From Deepest SomewhereWhere stories live. Discover now