စာကျက်နေမယ့်ကျောင်းသားကြီးကို အနှောက်အယှက်မဖြစ်ရအောင် အရင်လိုမျိုး ညနေတွေမသွားဖြစ်တော့ဘူး။ မာမားကတောင် မေးနေသေးတယ် 'ဝမ်ပေါင်ပေ့ ကျန့်ကောနဲ့ရန်ဖြစ်ထားသေးလား'တဲ့။ ယင်းအားရီဆီအကြုံပေးဖို့ လူရှာနေရလို့ မာမားကညည်းတယ်။ ပြီးတော့ သူကိုယ်တိုင်က ပိုလို့တောင် စာမေးပွဲနီးနေပြီ။ ရိပေါ်ကိုယ်တိုင်လည်း စာတွေအများကြီးကျက်နေရတယ်။ တစ်ခါတစ်လေ ကျောင်းဝန်းထဲကအရိပ်ပြာကလေးကို ခိုးခိုးငေးတတ်တာကလွဲရင် စာအုပ်တွေကြားထဲခေါင်းစိုက်ထားတယ်။ ကိုယ်လွမ်းနေမိလို့ သူလမ်းသွားရင် ခလုတ်တိုက်မိမှာတောင်စိုးပါတယ်။

မေတ္တာပေးလို့မေတ္တာပြန်ရပါစေလို့ ရိပေါ်မတွေးဘူး။ အချစ်ဆိုတာ နယူတန်ရဲ့နိယာမတစ်ခုမှဟုတ်မနေခဲ့တာ။ စွမ်းအားရှိသလောက်၊ တွယ်ကပ်နိုင်သလောက် တွယ်ကပ်မြတ်နိုးရင်း ဒီလူအဆင်ပြေနေရင်ပြီးရောမဟုတ်လား။ အစဦးတည်းက 'ငါ့အပေါ်တွယ်ငြိစမ်း'ဆိုတဲ့သဘောနဲ့အကြည့်နုနုကလေးတစ်ချက်တောင်ချမပြဖူးခဲ့တဲ့သူ့ကျန့်ကောမို့ ဖြစ်သမျှအကြောင်းနဲ့ရသမျှအရာရာတွေဟာ အပြစ်တွေဖြစ်လာခဲ့ရင်တောင် သူ့အပြစ်နဲ့သူ့အချစ်ပါဘဲ။ ဆယ်ကျော်သက်အရွယ်ဆိုတာ စိတ်ကစားတတ်တယ်လို့ဆို​ကြတယ်။ ဒီအကြောင်းအရာကိုမကြားဖူးခင် မသိကျွမ်းခင်တည်းက ဒဏ်ရာဒဏ်ချက်တွေနဲ့အစ်ကိုကြီးဟာ ဝမ်ရိပေါ်ရဲ့အပြာရောင်ကြိုးကလေးဖြစ်ခဲ့တယ်။ သူ့ရုပ်နာမ်အစုအဝေးလေးဖြစ်ခဲ့တယ်။ ချစ်ပါတယ် ဒီလူမို့ကို ဝမ်ရိပေါ်ရူးပါတယ်။

___

"If this statement is true, find the correct degree of the angle..."

ပုစ္ဆာရဲ့အဆုံးကိုခပ်တိုးတိုးဖတ်ကြည့်ရင်း အဖြေကိုသေချာရှာရတယ်။ စာသိပ်တော်ပေမယ့် ရိပေါ်က သချ်ာဆိုရှန်းတတ်တာမို့ အပြန်ပြန်အလှန်လှန်လုပ်နေရတယ်။ ဒီနေ့ကကျောင်းပိတ်ရက် အတိအကျပြောရရင် ဒီဇင်ဘာလပထမပတ်ရဲ့တနဂ်နွေတစ်ခု။
စာကြည့်စားပွဲလေးပေါ်မှာ တစ်နည်းအားဖြင့် အိပ်ရာဘေးက ပုံတူပန်းချီလေးတင်ထားတဲ့စားပွဲပေါ်မှာ သူစာလုပ်နေတာ။

သချ်ာပုစ္ဆာတွေဟာ စီနီယာအစ်ကိုကြီးလိုဘဲ။ ဘယ်လောက်ပဲနီးကပ်နီးကပ် သူကျွမ်းဝင်ဖို့ခက်ခဲတဲ့အစိတ်အပိုင်း၊ အမြဲသတိထားရတဲ့အခြေအနေတွေပေါ့။ ဒါပေမယ့် သူ့ကျန့်ကောကတော့ သချ်ာတွေထက်ပိုခက်ခဲတယ်။ ခဏခဏလေ့ကျင်လွန်းလို့ သချ်ာမှာအမှတ်ပြည့်ရနေပေမယ့် စီနီယာအစ်ကိုကြီးကတော့ ထပ်တလဲလဲမြတ်နိုးမိနေရင်းကတောင် သူ့အတွက်အလှမ်းကွာနေသေးတယ်။ တြိဂံတစ်ခုရဲ့အနားတွေအကြောင်း သူသိပေမယ့် စီနီယာအစ်ကိုကြီးရဲ့မျက်ဝန်းတွေကိုတော့ ရိပေါ်မဖတ်တတ်သေးပါ။ စတုဂံတစ်ခုရဲ့အနားအားလုံးပေါင်းလဒ်ဟာ 360°မှန်း သူအလွတ်ရပေမယ့် ကျန့်ကောစိတ်ထဲဘာတွေရှိမှန်း သူမခန့်မှန်းနိုင်။

Came From Deepest SomewhereWhere stories live. Discover now