30 • အစိမ်းရောင်အိပ်မက်ငယ်

219 30 7
                                    

Unicode

ပန်းတို့ တဖန်ပြန်လည်ဖူးပွင့်ချိန် ရောက်လာပြီဖြစ်၍
ဥယျာဥ်တွင်း၌ နီနီဝါဝါပန်းမွေ့ရာများကို တွေ့မြင်ရသည်။
ပန်းများ နောက်တစ်ကြိမ်ပွင့်လန်းလာခြင်းက ရာသီတစ်ခု
ကူးပြောင်းသွားခြင်းကို ရည်ညွှန်းသည်။ တစ်ဆက်တည်းမှာပဲ
နန်းတော်ထဲ ဆွန်းမင်ရောက်လာတာလည်း ကြာလာခဲ့လေပြီ။

ကျော်လွန်လာတဲ့ ဒီအချိန်ကာလတွေအတွင်း
ပန်းတွေရဲ့အရောင်ပဲ ပြောင်းလဲလာတာ မဟုတ်ဘဲ
သူ့ရဲ့သဘောထားတွေလည်းပဲ ပြောင်းလဲလာခဲ့သည်။

ဥပမာအားဖြင့် ယခင်က ပန်းတွေကို မနှစ်မြို့ခဲ့တဲ့သူက
ယခု ပန်းတွေကိုမြင်ရရင် စိတ်​ချမ်းမြေ့နေတာမျိုးပေါ့။
ဒါကလည်း ပန်းတွေပေးပြီး ပိုးပန်းခဲ့တဲ့ ဟျွန်းဂျင်ကြောင့်ပါပဲ။

ပန်းတွေကိုငေးရင်း အတွေးလေးများ ခြေဆန့်မိတော့
မြောင်နိုင်ငံရဲ့ပန်းခင်းကြီးတွေကိုလည်း လွမ်းမိပါရဲ့။
ချစ်တယ်ဆိုတဲ့ အဲဒီစကားကို ပထမဆုံးအကြိမ်ပြောခဲ့တဲ့
အမှတ်တရတွေရှိရာကို တစ်ကြိမ်ပြန်ရောက်ချင်ပါသေးသည်။

ထိုသို့ တမ်းတမိနေစဥ် ခါးနဲ့လက်တို့ကြား လျှိုကလေးထံ လက်နှစ်ဖက် ခိုးဝင်ကာ တိုးလာခဲ့သည်။ ဒါပေမဲ့ လန့်သွားရမယ့်အစား ဆွန်းမင်နှုတ်ခမ်းတို့ ပြုံးသွားခဲ့ပါသည်။

ပြီးတော့ နားရွက်ကြားထဲ ရောက်ရှိလာတဲ့
ပန်းတစ်ပွင့်။ သူ ဘယ်လိုမှ မတုံ့ပြန်မိပါ။
ပန်းတွေရာ ပုရိသတစ်ယောက်နဲ့ မသက်ဆိုင်ပါဘူး
ဆိုတဲ့အတွေး သူ့ဆီမှာ မရှိတော့တာ ကြာခဲ့ပါပြီ။

"ပန်းလေးတွေကို မွှေးရတာကို သဘောကျတယ်။
အထူးသဖြင့် ဆွန်းငယ်ဆံပင်တွေကြား ရှိနေတဲ့အခါ"

ဒီလို သည်း​ခြေမြူးစရာစကားတွေကို တစ်ခါပြောတိုင်း
ပန်းတစ်ပွင့် ပွင့်မယ်ဆိုရင် ဒီဥယျာဥ်ထက် အဆများစွာ
ကျယ်တဲ့ဥယျာဥ်သစ်တစ်ခုကို အိမ်ရှေ့စံဟာ
လက်ဝယ်ပိုင်ဆိုင်ပြီး ဖြစ်ပါလိမ့်မည်။

ဒီစကားတွေနဲ့ ဘယ်နှယောက်ကိုများ ပြုစားပြီးပြီလဲလို့
စကားစစ်ခင်းချင်ပေမဲ့ အိမ်ရှေ့စံရဲ့ အချစ်ဦးနဲ့
တစ်ဦးတည်းသောချစ်သူက သူကိုယ်တိုင်ဖြစ်နေတဲ့အခါ
ဂုဏ်မောက်မိပါသေးသည်။

The Portrait : King's Beloved • 황승Where stories live. Discover now