8 • ပွေ့ဖက်ခြင်းတွေနှင့် ကုစားနိုင်စေ | ပွေ့ဖက်ခြင်းတွေနှင့် ကုစားနိုင်စေ

279 46 1
                                    

Zawgyi

နယ်မြို့တစ်ခုမှာ ခရီးတစ်ထောက်နားဖြစ်သည်။ မြို့ရဲ့ တစ်ခုတည်းသော တည်းခိုခန်းမှာလည်း အခန်းကြီးတစ်ခန်းပဲ ကျန်တော့တာမလို့ ကံကြမ္မာရဲ့ဇာတ်ကရာအတိုင်း ဟန်ဂျီဆောင်းနဲ့အတူတူ တစ်ကုတင်တည်း အိပ်ရပြန်ဦးမည်။

ဘယ်လိုတောင် ကပ်သီးကပ်ဖဲ့နိုင်လွန်းတဲ့ ကံကြမ္မာလဲ!

သစ်နဲ့ဝါးတို့ဖြင့် အခိုင်အမာတည်ဆောက်ထားတဲ့ တည်းခိုခန်းက သိပ်​တော့မကျဉ်းကြုံ့။ တစ်ညတာ အနားယူဖို့တော့ သင့်တော်ပါရဲ့။

ဗုန်း!

ကုတင်ပေါ် နောက်ပြန်ပစ်လှဲချလိုက်တာက နှစ်ယောက်မရှိတဲ့ ဟန်ဂျီဆောင်း။

"ရားး လမ်းမှာပင်ပန်းပြီး ညစ်ပတ်လာတာ ခြေလက်လေး ဆေးပြီးမှ ဝင်လှဲပါလား?"

" ပင်ပန်းလွန်းလို့ တစ်ရေးတမော အရင်အိပ်ဦးမယ်ဗျာ.. နိုးလာရင် ဆေးမယ်။"

ဘုရားသခင်..ဒီကောင်လေးက ရုပ်ရည်သန့်သန့်လေးနဲ့ မလိုက်ဖက်အောင် ညစ်ပတ်လိုက်တာ! ဒီပုံစံနဲ့ နန်းတော်မှာ ဘယ်လိုများ သံတမန်လုပ်သလဲမသိ။

စိတ်ထဲက နာနာလေးကျိန်ဆဲမိပေမဲ့ ကုတင်ခြေရင်းက စောင်နီလေးကို သူ့ရင်ဘတ်တိုင် ခြုံပေးလိုက်သည်။ တိုးဝင်နေတဲ့ လေကြမ်းကြမ်းတွေကို ဒီနုနုရွရွခန္ဓာကိုယ်လေး ခံနိုင်ရည်ရှိမှာမဟုတ်။

ခြေလက်သွားဆေးပြီးလို့ အနားယူဖို့ပြန်လာတဲ့အခါ စောင်ကြားလွတ်နေတဲ့ ခြေဇဝါးဖွေးဖွေးလေးကို မျက်စိရောက်မိသည်။ ဒီလောက်လှမ်းတဲ့ခရီးကို ခြေကျင်မလျှောက်ဖူးလို့ ထင်ပါစ။ ခြေဖဝါးနုနုက သွေးခြေဥနေသည်။

မိမိက ဒေါင်ကျကျ လျားကျကျ အဆင်ပြေပေမဲ့ ဒီကလေးက နုနုနယ်နယ်ကလေးရယ်။ ယုံးဘို့လေးလိုပဲ။

ရုတ်တရက် ညီငယ့်ဆီအတွေးရောက်မိတော့ လွမ်းဆွတ်မိပါသေးသည်။ တစ်ပါးမြို့မှာ အဆင်ပြေပြေရော ရှိနေပါရဲ့လား။ ထမင်းရော ကောင်းကောင်းစားရပါရဲ့လား။
ကျန်းကျန်းမာမာရော ရှိနေပါရဲ့လား။ မိမိဆီကို စာမရေးတာလည်း ကြာပြီပဲ။

ပြတင်းပေါက်ရှိရာသို့ မျက်နှာမူ၊ ဟန့်ကို ကျောခိုင်းရင်း ကုတင်ပေါ် နေရာယူလိုက်သည်။ တရစ်ရစ်တက်လာတဲ့ လွမ်းဆွတ်စိတ်တွေက လပြည့်ညရဲ့ စွဲညှို့မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မရည်ရွယ်ဘဲ ကျဆင်းလာတဲ့ မျက်ရည်စက်အချို့မှာ ရှိုက်သံအချို့ကပါ အဖော်ကူရှာပြန်၏။

The Portrait : King's Beloved • 황승Where stories live. Discover now