26 • ကြိုသိခဲ့ရသော အနာဂတ် |ႀကိဳသိခဲ့ရေသာ အနာဂတ္

177 28 5
                                    

Unicode

ကြာညောင်းတဲ့ အမှောင်ထုထံ ပိတ်မိနေခဲ့ပြီးနောက်
လက်လှမ်းမီလာတဲ့ အလင်းရောင်လေးဆီ
ဆွန်းမင် မျက်လုံးများ ပွင့်လာခဲ့သည်။

ပထမဆုံး အသိစိတ်ကို လာနှိုးဆွတာက
ဝန်းကျင်မှာ သင်းပျံ့နေတဲ့ အမွှေးရနံ့သင်းသင်းလေး။

ညာဘက်စောင််းကြည့်တဲ့အခါ တွေ့ရတဲ့
ထွန်းညှိထားတဲ့ နံ့သာအိုးလေးကြောင့်
အဆောင်တော်ကို ပြန်ရောက်နေမှန်း သိခဲ့ရပြီး
စိတ်ဟာ အေးငြိမ်းသွားခဲ့သည်။

ဘယ်လိုပြန်ရောက်လာတာလဲ သေချာမမှတ်မိပေမဲ့
ဝိုးတဝါးမှတ်ဥာဏ်တွေထဲမှာတော့ ဟျွန်းဂျင် သူ့ကို
ပွေ့ချီသွားတာကို မှတ်မိသည်။
အဲဒီနောက်မှာတော့ လုံခြုံပြီဆိုတဲ့ အတွေးနဲ့
သူ စိတ်ကိုလွှတ်ချလိုက်တာပဲ။

အိမ်ရှေ့စံဟာ သူ့ကို လက်မလျှော့ခဲ့ဘူး
ဆိုတဲ့အတွေးနဲ့ ပြုံးမိပါသေးသည်။

သို့ပေမဲ့ ပျက်ကွက်နေတဲ့ အိမ်ရှေ့စံရဲ့အရိပ်အယောင်ကြောင့်
စိတ်ကလေးဟာ အနည်းငယ်ညည်းညူခဲ့ရပြန်သည်။
သတိရတဲ့အခါ အနားမှာရှိနေမယ်လို့ မျှော်လင့်ခဲ့တာကိုလေ။

ထို့ကြောင့် ကုတင်ပေါ်မှ အားယူကာ ထလာပြီးနောက်
ပထမဦးစွာ အဖြူရောင်ဝတ်စုံပါးလေးအပေါ်
အပေါ်ထပ်တစ်ခုခု ရှာပြီး ထပ်ဝတ်ရသည်။

ကြင်ရာတော်ဟာ အတွင်းဝတ်စုံလေးနဲ့ လျှောက်သွားနေပါတယ်
ဆိုတဲ့ အိမ်ရှေ့စံသိက္ခာကျခြင်းမျိုးကို သူ မဖြစ်စေလိုပါဘူး။

အဆောင်တော်တံခါးကို တွန်းဖွင့်လိုက်ပေမဲ့
ချက်ချင်းဆိုသလိုပဲ အစောင့်နှစ်ယောက်ဟာ သူ့ရှေ့မှာ
ရပ်တားလာခဲ့သည်။

"ကြင်ရာတော်သတိရလာရင် အပြင်ပေးမထွက်ဖို့
အိမ်ရှေ့စံ အမိန့်ပေးထားပါတယ်"

မိုးရေကြည်ဟာ ရွံ့အိုင်နှင့် ရောသွားသည့်နှယ်
ကြည်လင်စပြုနေဆဲ စိတ်ကလေးဟာ ချက်ချင်း
နောက်ကျိသွားရသည်။

ထို့နောက် အစောင့်တွေနဲ့လည်း မငြင်းခုံချင်တော့တာမလို့
အဆောင်တံခါးကို ကျယ်လောင်စွာပိတ်လိုက်သည်။
အပြာနုရောင် ဝတ်ရုံကိုလည်း ပြန်ချွတ်ပြီး ကြမ်းပေါ်ကို
ပစ်ချပစ်လိုက်သည်။

The Portrait : King's Beloved • 황승Where stories live. Discover now