4 • အကြင်သူ့မျက်ရည် | အကြင်သူ့မျက်ရည်

312 46 10
                                    

Zawgyi

အဆောင်တော်တစ်ခုလုံးတွင် ဗျပ်စောင်းသံပျံ့လွင့်လျက်ရှိ၏။
အိမ်ရှေ့စံရဲ့အမိန့်ဆန်တဲ့ အကျပ်ကိုင်မှုကြောင့်
တစ်ပတ်တစ်ကြိမ်၊ သို့မဟုတ်နှစ်ကြိမ် အိမ်​ရှေ့စံထံ ခစားဝင်ရသည်။

"ဆွန်းငယ်.." ပေါင်ပေါ်လှဲလျောင်းအိပ်စက်နေသူက
တိုးသဲ့စွာ ဆိုတယ်။

ဆွန်းမင်တစ်ယောက် ကြောင်အမ်းအမ်းဖြင့် ဗျပ်စောင်းတီးခတ်နေသည်ကို ရပ်မိသွားသည်။ အဆောင်ထဲမှာ သူတို့နှစ်ယောက်ပဲ ရှိတာမလို့ သူ့ကိုခေါ်ခြင်းသာ ဖြစ်နိုင်ပေမဲ့ အိမ်ရှေ့စံက ဘာကြောင့်များ
သူ့ကို ဒီလိုခေါ်ရမှာလဲ။

"ကျွန်တော့ကို ခေါ်တာလား အိမ်ရှေ့စံ?"
အိမ်ရှေ့စံက ပြုံးရင်း ခေါင်းညိတ်ပြသည်။

"အင်း။ ကိုယ်တစ်ဦးတည်းကသာ ခေါ်ခွင့်ရှိတဲ့နာမည်လေ။
သဘောကျလား...ဆွန်းငယ်။"

"သဘောမကျဘူးပြောရင်ရော အိမ်ရှေ့စံက ဒီနာမည်ကို မခေါ်ဘဲ နေမှာတဲ့လား။"

အိမ်ရှေ့စံဟာ သိပ်ကိုဆိုးတဲ့သူရယ်ပါ။
ပထမ..အနားမှာ ခေါ်ယူထားတယ်။
နောက်..ခေါင်းအုံးတော်အဖြစ် အသားယူပြန်တယ်။
အခု..နာမတစ်ခုကိုတောင် သူ့အပိုင်အဖြစ် တံဆိပ်ခတ်ပြန်တယ်။

ဘာကြောင့်များ ကျွန်တော့ဘဝထဲ စွက်ဖက်ဝင်ရောက်ရပါသလဲ။

ခဏတာ မေ့မောမိစဉ်မှာပဲ
ဝဲကျနေတဲ့ အဖြူရောင်ဆံနွယ်အချို့ကို လာရောက်ဆော့ကစားနေပြန်ပါတယ်။

သစ်ခေါက်ဆိုးဆေး၊ ရွက်ဆေးကလွဲပြီး ဆေးကူမရှိတဲ့ခေတ်မှာ ဒီဆံနွယ်တွေဟာ ဘာကြောင့်များ
ဖြူနေရပါသလဲ။ အသက်အရွယ်အရလို့ ရမယ်ရှာရအောင်လည်း ဆွန်းငယ်ဟာ ငယ်ငယ်လေး ရှိသေးတာရယ်။

ထူးထူးခြားခြားဆို...တစ်ခေါင်းလုံးဖွေးနေတာမျိုး မဟုတ်ဘဲ
ဆံပင်တစ်စုကသာ အဖြူရောင်သန်းနေတာ။

အိမ်ရှေ့စံရဲ့စိတ်ကို မြင်နေသလိုပင်
ဆွန်းမင်က ဖြေလာသည်။

"ဒီဆံနွယ်ဖြူတွေက မွေးရာပါရှိနေခဲ့တာ အိမ်ရှေ့စံ။
မေမေပြောတာတော့ ရောဂါတစ်ခုတဲ့။"

The Portrait : King's Beloved • 황승Tempat cerita menjadi hidup. Temukan sekarang