ဖေဖေ့ငယ်သူငယ်ချင်းရဲ့ သမီးက နယ်ဘက်ကနေ ဒီမြို့မှာ တာဝန်ကျလို့ ဆိုပြီး ရုတ်တရက် အိမ်ကို ဧည့်သည်အစ်မ တစ်ယောက်ရောက်လာသည်။
တစ်အိမ်လုံးမှာလည်း အပေါ်ထပ်က ငယ့်အခန်းဘေးက တစ်ခန်းပဲ လွတ်တော့တာမို့ အဲ့အစ်မကို မေမေက ငယ့်ဘေးခန်းမှာ နေရာချပေးသည်။
"သမီးလေး လွတ်လွတ်လပ်လပ်နေနော်"
"သမီးဖေဖေက အန်တီ့အမျိုးသားရဲ့ ငယ်သူငယ်ချင်းဖြစ်သလို သမီးမေမေနဲ့ အန်တီကလည်း ငယ်သူငယ်ချင်းတွေပဲကွဲ့ ဒီတော့ သမီးကလည်း အန်တီတို့ သမီးလေးပဲပေါ့""ဟုတ်ကဲ့ အန်တီ အခုလို အန်တီတို့အိမ်မှာ ပေးနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်"
"မလိုပါဘူးကွဲ့ ကျောင်းနဲ့လည်း နီးတော့ သွားရေးလာရေး အဆင်ပြေတာပေါ့"
"ဟုတ်ကဲ့"
အမှန်အတိုင်းပြောရင် ကျွန်မ သူများအိမ်မှာ မနေချင်ပါ။ မေမေက စိတ်မချဘူးဆိုပြီး သူ့အသိအိမ်ကို အပ်ပေး၍သာ ရောက်လာခြင်းဖြစ်ပါသည်။
တာဝန်ကျရာ မြို့နဲ့ အနေမစိမ်းအောင် ကျောင်းမဖွင့်ခင် တလအလို ကျွန်မ ကြိုရောက်ခဲ့သည်။
"ထည့်စားနော် သမီးလေး"
"ဟုတ်ကဲ့ အန်တီ ဟိုလေ အိမ်လခလေးလည်း ယူပါနော် သမီး ဒီတိုင်း မနေတတ်လို့ပါ"
"အိုကွယ် ကိုယ့်သမီးလေးတစ်ယောက်လိုဖြစ်နေတာကို ဘယ်လို အိမ်လခတုန်း"
"ဒါဆို သမီး နောက်လတိုက်ခန်းရှာလိုက်ပါ့မယ်အန်တီ သမီး အားနာလို့ပါ"
ဟုတ်တယ်လေ ဘယ်နှနှစ် တာဝန်ကျမလဲ မသိဘဲ အကြာကြီး သူများအိမ်မနေချင်ပါ။
"ဒါဆို ဒီလိုလုပ် အိမ်က အဆိုးလေးကလည်း ကိုးတန်းရောက်ပြီလေ ကျူရှင်ကလည်း ဝေးလို့မသွားချင်ဘူးတဲ့"
"အဲ့တော့ အိမ်လခလို့ သတ်မှတ်ပြီး အဆိုးလေးကို ကျူရှင်ပြပေးပေါ့""ကောင်းသားပဲ အန်တီ ကျွန်မလည်း အလုပ်ရတာပေါ့""ဒါနဲ့ အဆိုးလေးဆိုတာ"
"ငယ်လေးကို ပြောတာပေါ့... မောင်နှမ ၃ယောက်မှာ အငယ်ဆုံး အဆိုးဆုံး *ယွန်းဝတီ*တဲ့"
YOU ARE READING
မြတ်နိုးမိပါသော...ကြင်နာရာ နာကျင်ရာ
Short Storyတီချယ်သာ ဆုံးမမယ်ဆို လိမ္မာမယ့် ကလေးတစ်ယောက်မို့ ငယ်ကို ပစ်မသွားပါနဲ့နော်.... အဆိုးလေးကိုမို့ပေးမိတဲ့ အချစ်တွေကြောင့် တို့ကို အထင်သေးသွားမလားဟင်......