သမီးမိန်းကလေးနှစ်ယောက်တောင် မွေးလာပြီး သူမအသက်
မသေတာကိုစိတ်ပူရမဲ့အစား နှစ်ယောက်ထဲတောင် ယောက်ျားလေးမမွေးဖွားခဲ့တဲ့အတွက် မေမေကသူ့ကိုယ်သူ
အပြစ်တင်လို့မဆုံးခဲ့။ ဒါတွေက ဖေဖေ မဆုံးခင်ပြောပြခဲ့တဲ့
တော်ဝင်တို့မသိခဲ့တဲ့ အကြောင်းတရားတစ်ခု။

ဖေဖေကတောင် မေမေနဲ့လက်ထပ်ဖို့ အတင်းအကြပ်စီစဉ်ခဲ့
ရသည်ဆိုတော့ ဘယ်ယောက်ျားကိုမှအားမကိုးချင်တဲ့မေမေ
ရဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာ။

ထိုအကျင့်စရိုက်တွေကို အမိန့်က အမွေရလိုက်သူပီပီ၊ သူ့စိတ်ဓာတ်နဲ့ ထပ်တူထပ်မျှတူညီတဲ့ အမိန့်ကို ချုပ်ကိုင်နိင်
ပုံကတစ်ခါတလေမှ မေမေက နည်းပြတစ်ယောက်အလား
ပင်။

ဒါမို့လည်း အမိန့်ကို တစ်ခွန်းတစ်ပါဒမျှ မပြောရဲကြပေ။

.............

မျက်နှာပြင်က ညိုးနွမ်းနယ်နေပေမဲ့ နှုတ်ကထွက်လာတဲ့စ
ကားတစ်ခွန်းကတော့ သွက်လက်ဖြတ်လတ်​နေ၏။

"ပန်းရဂုံကိုပြန်ရအောင်"

ဟူး...ထိုစကားရဲ့အဆုံး အာမေဋိတ်သံကတော့ သခွပ်ရိုးဆီ
ကသာ...ဒီအတောအတွင်း ပန်းရဂုံနဲ့လည်း ပတ်သက်ဆက်
နွယ်မူမျိုးလည်းမလုပ်...ဘယ်လိုကနေဘယ်လို စိတ်ပြောင်း
လဲသွားလဲမသိပါဘူး။ မောင်ကတော့ ချက်ချင်းကြီးကိုနေ့အ
ကူးပင်မခံ။

"မောင် နေ​ကောင်းလို့လား၊ ကိုယ်ပူရှိန်ကလည်း ခပ်ပါးပါး
ရယ်နဲ့"

"အထုတ်တွေသိမ်းတော့၊ ဒီနေ့ပဲပြန်မယ်"

ဗြုန်းစားကြီးဆိုပေမဲ့ မောင့်စကားကိုနာခံရတာ ခေါက်ရိုးကျိုး
နေပြီဖြစ်တဲ့ ရိုးအနေနဲ့ မောင့်နှုတ်ကထွက်တဲ့ စကားတိုင်းကို
အထွန့်မတတ်ရဲ။

ခေတ်နဲ့အညီဆိုရင်တော့ ရိုးက ခင်ပွန်းဖြစ်သူကို ကြောက်ရ
တဲ့ကောင်လေးဖြစ်သလို အမိန့်ကတော့ ယောက်ျားဖြစ်သူ
အပေါ်၌ သြဇာညောင်း တဲ့ ယောက်ျားတစ်ယောက်ပေါ့။

"တခြားမဟုတ်ပါဘူး...ခရီးပန်းပြီး မောင်အိပ်မရမှာစိုးလို့ပါ
ခေါင်းကိုက်မှာလည်း စိုးရိမ်လို့လေ...ကဲပါ...ရိုး အဝတ်တွေ
သွားသိမ်းလိုက်မယ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now