International Play Boy Mg Past 34

Start from the beginning
                                    

Taehyungကိုယ်နဖူးသာကိုယ်ပြန်ရိုက်ချင်မိသွားသည်။

ဒီကောင်က သားထက်တောင်ချွဲတက်သေးတယ်။

" အင်းအင်း ‌မင်းသဘော "

Taehyungလဲ အလုပ်ကိုဘဲ အာရုံပြန်စိုက်လိုက်သည်။

လူယုတ်မာပြုံးပြုံးနေတဲ့ ယုန်ဆိုးကြီးကိုတော့ မမြင်ခဲ့။

...

" Jungkook ငါက ရေချိုးပြီးမှ မင်းဆီလာခဲ့မယ် "

အလုပ်ဆင်းတော့ ဓာတ်လှေကားထဲမှာ Taehyungပြောလေသည်။

" တကယ်တော့ မောင်က ခင်ဗျားနဲ့ဈေး၀ယ်ချင်သေးတာ "

" ငါရေအရင်ချိုးချင်နေပြီ "

" ဒါပေမဲ့- "

" Jungkook ငါအိမ်ပြန်မယ် ပြီးရင် မင်းအိမ်လာခဲ့မယ် "

Jungkookစကားပြောနေတာကို ထိပ်ကပိတ်ပြောလိုက်တဲ့ Taehyung

" အင်းပါ အချစ့်သဘော မောင်လိုက်ပို့ပေးမယ် အိမ်ကို "

" ရတယ် မင်းလည်းဈေး၀ယ်ဦးမှာဘဲ ငါဟာငါဘဲ ပြန်လိုက်မယ် "

" ဟုတ်ပါပြီ "

ပြောပြောဆိုဆိုနဲ့ Taehyung ရှေ့ကနေအရင်ထွက်သွားလေသည်။

ဟူးးးး ကိုင်တွယ်ရခက်လိုက်တာ မောင့်အချစ်ရာ

......

Taehyung အိမ်ပြန်ရောက်လာတော့ ရေချိုးတော့သည်။

အင်းးငါအဲလိုပြောလိုက်တာ မှားများသွားသလား
သူက အဆင်ပြေဖို့ကြိုးစားနေတာကို ငါကအရမ်းကို တင်းမာမိသွားတာများလား

ရေချိုးနေရင်း Jungkookကိုတွေးမိပြီအားနာစိတ်တို့၀င်လာခဲ့သည်။
နဂိုရှိတဲ့အချစ်ဓာတ်ခံနဲ့သနားစိတ်တို့ပေါင်းစပ်ပြီး Jungkookဆီ လိုက်သွားချင်စိတ်ဖြစ်လာမိသည်

အချိန်သိပ်မကြာသေးဘူး အခုချိန်ဆို Jungkookဈေး၀ယ်စင်တာမှာ ရှိဦးမယ်ထင်တယ်။

သူလိုက်သွားမိပါသည်။

သူလမ်းတစ်လျှောက်တွေးမိလာတဲ့ အကြောင်းအရာတစ်ခုကတော့ သူမောင့်ကိုချစ်နေသေးတာပင်။
မောင်ပြောင်းလဲသွားတာမို့ သူအခွင့်အရေးပေးချင်မိလေသည်။ မောင်က သူနဲ့သားငယ်အတွက် ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်မိလေသည်။

You've reached the end of published parts.

⏰ Last updated: Jan 28 ⏰

Add this story to your Library to get notified about new parts!

International Play Boy MgWhere stories live. Discover now