" သားငယ် "
မေမေရဲ့ခေါ်သံကြောင့် Jungkookကျောင်းသွားပြန်ရာမှ ဧည့်ခန်းဘက်သို့ အကြည့်ပို့လိုက်သည်။
" ဟုတ် မေမေ "
" သားငယ် Soyaက သားနဲ့ မင်္ဂလာ၀တ်စုံသွားကြည့်မလို့တဲ့ "
Jungkookစိတ်ရှုပ်မိသည်။
Kim Taehyungရဲ့ စိတ်ကိုသိသွားကတဲ့က သူဟာ Kim Taehyungကို ချစ်တယ်ဆိုတာ သူကိုယ်သူသိခဲ့သည်။
လက်လွှတ်ဖို့လဲ အတွေးမရှိ။
အဲကြောင့် သူဒီနှစ်လအတွင်း လိမ်မာပြခဲ့လေသည်။
ဒါပေမဲ့ သူမွှေးခဲ့မီးက သူကိုလာလောင်နေတော့သည်။
Lee Soyaသူလည်း ရှုပ်နေတဲ့စိတ်အစဉ်ကို စုစည်းထိန်းသိမ်းကာ
" ဟုတ် မေမေ "
ပြောပြီးအခန်းထဲသွား၀င်ခဲ့တော့သည်။
အခန်းထဲရောက်ရောက်ချင်း နံရံမှာ ကပ်ထားတဲ့ ဓာတ်ပုံလေးက သူလူ့
" မောင် ပြန်ရောက်ပြီ အချစ် မောင်ကိုလွမ်းနေလား
မောင်ကတော့ ခင်ဗျားကို သိပ်လွမ်းတာဘဲ "ဟုတ်ပါသည်။
သူနေ့တိုင်းနီးပါး Kim Taehyungရဲ့ ဓာတ်ပုံလေးကို ကြည့်ပြီးစကားပြောလေ့ရှိသည်။ဘေးလူမြင်ရင် သူဟာ သူတန်ဖိုးမထားခဲ့တဲ့သူမှာမရှိတော့တဲ့ အရာတစ်ခုကို အခုမှ တန်ဖိုးထားပြနေသလို့ဖြစ်တာပေါ့။
မဟုတ်ဘဲလေ။
ထိုလူမရှိမှာ Jungkookသူ့ Kim Taehyungကို သိပ်ချစ်မှန်း ကိုယ်ကိုကိုယ်သိခဲ့ရသည်။" မောင်ဘ၀မှာ နောင်တအရဆုံးကလေ ခင်ဗျားအချစ်တွေကို မမြင်ခဲ့တာနဲ့ မောင်အချစ်ကို သေအောင်ချစ်တယ် ဆိုတာ မသိခဲ့တာဘဲ မောင်အပြစ်တွေကို ပြန်ပေးဆပ်မှာမို့ ခင်ဗျားက မောင်အနားမှာရှိနေပေး "
" မျက်နှာပြောင်တိုက်တယ်ပြောပြော အရှက်မရှိဘူးပြောပြော ခင်ဗျားကို မောင်ကလွဲပြီး ဘယ်သူမှမပိုင်ဆိုင်စေရဘူး "
....
" Jeon ရောက်လာပြီလား "
" ဟုတ် Soya "
Soyaတစ်ယောက် Jeon ရောက်လာလိမ့်မယ်ထင်မထားပါ။
သူမလို့ ရင်ကျက်နေပြီးတဲ့ အမျိုးသမီးတစ်ယောက်က Jeonလို့ ခပ်ဆိုးဆိုးကောင်လေးနဲ့ တွေ့တိုင်း ပြာယာခပ်ရစမြဲ။
BẠN ĐANG ĐỌC
International Play Boy Mg
Phi Hư CấuPlay Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး