International Play Boy Mg_32

1.3K 82 7
                                    



Taehyungတို့ မေမေဆီတို့ရောက်တာ ဒီနေ့ရယ်ဆိုလျှင် သုံးရက်ရှိပြီပင်။

Yoongi Hyungကတော့ soulကို ပြန်သွားပြီဖြစ်ပေမဲ့ Mochi Jiminကတော့ သူတို့သားဖနဲ့ရှိနေတုန်းပေ။

ဒီအတောအတွင်းတော့ Taehyung Jungkookကို မတွေ့မိ။

အွန်း မောင် ဆိုတဲ့ နာမ်စားက သူနဲ့မသက်ဆိုင်တော့တာကြောင့် Jungkookလို့သာခေါ်ခြင်းဖြစ်သည်။

သူမေမေတို့ဆီ ရောက်ကတည်းက ညနေပိုင်းကနေ ညအထိကို အိမ်ရှေ့ကဒန်းလေးပေါ်ထိုင်မိသည်။

ဘာရယ်တော့မဟုတ်။
ဟိုတွေးဒီတွေးပင်။

သူလုပ်ရပ်တွေမှန်လားဆိုတာ Taehyungသေချာမသိရိုးပါ။
ပြန်မစဉ်းစားချင်တော့ပေ။
ဖေဖေနဲ့မေမေပြောသလို့ ရှေ့လျှောက် သူပိုကောင်းအောင် နေထိုင်ရင် အဆင်ပြေပြီ မဟုတ်ဘူးလား။

ဒီညလည်း ထုံးစံအတိုင်း ဒန်းလေးမှာ ထိုင်မိပြန်လေသည်။

ဒီဒန်းလေးက Taehyungငယ်ငယ်က ဖေဖေကိုယ်တိုင်လုပ်ပေးထားတဲ့ ဒန်းလေးပင်။
ဒန်းလေးဘေးက သစ်ပင်ပန်းမန်လေးတွေကအစ ဖေဖေရယ် သူရယ် မေမေရယ် တူတူစိုက်ခဲ့တာပေ။
အခုဆို အတော်တောင်ကြီးပြီ။

ဒန်းလေးက ‌အိမ့်မျက်နှာသာက ထောင့်လေးမှာ တည်ရှိနေခြင်း။
ဘေးနားမှာ အပင်လေးတွေနဲ့ စိုစိုပြေပြေစိမ်းစိမ်းလန်းလန်း။

Taehyungသိပ်သဘောကျရတဲ့ ရပ်၀န်းလေးပေါ့။

သူကလေးဘ၀တုန်းက သိပ်ပျော်စရာကောင်းခဲ့ဝာာ။

Taehyungသူကလေးဘ၀အကြောင်းလေး တွေးမိယုံနဲ့ အပြုံးလေးထွက်ပေါ်လာသည်။
မိစုံဖစုံနဲ့နေရတဲ့အပြင် မိဘတွေ ဖူးဖူးမှုတ်မတက်ချစ်ခံရသူ။

Taehyungအဖေနဲ့အမေနဲ့က သိပ်ချစ်ပြီး တစ်ယောက်အပေါ်တစ်ယောက် သိပ်ကြင်နာကြသည်။
Taehyungအ‌တွက် ဖေဖေနဲ့မေမေတို့ဟာ အမြဲစံပြဖြစ်ခဲ့တာပင်။

ရုတ်တရပ် သားလေးပါ သူအတွေးထဲ၀င်လာသည်။
သားလေးအတွက်ရော သူကစံပြသဖွယ်ဖြစ်ခဲ့လား။
သားလေးအတွက် ဖခင်ကောင်းရော ဖြစ်ခဲ့လား။

အထက်ပါမေးခွန်းများအတွက် သူမှာအဖြေမရှိပါ။

အခုဆို သားငယ်က သူကိုစကားတောင်မပြောဝောာ့ပေ။
အမြဲ Mochiနဲ့သာနေလေသည်။

International Play Boy MgWhere stories live. Discover now