International Play Boy Mg_15

1.7K 134 21
                                    

ညနေလာခေါ်မယ်ပြောတဲ့ မောင်က အခုည7နာရီရှိသည် ထိမလာသေးပါ။

မောင် လမ်းမှာ တစ်ခုခုများ ဖြစ်ရော့သလား
ဖုန်းခေါ်တော့လည်း မကိုင်။

တံခါးခေါက်သံကြားလို့ အပြေးလေးသွားကြည့်မိတော့သည်။

" Jungkook"

မောင် ဟုတ်မနေခဲ့ပါ။
အဲအစား Eunwoo နဲ့ BamBamပင်။

" Taetae Hyung "

" ဪ လာကြလေ "

" ကျွန်တော်တို့က Hyungကို လာခေါ်တာ "

" ဟမ် ဘာလို့လဲ "

" Jungkookကလေ မအားလို့တဲ့ သူ့အိမ်ကို Hyungကို လိုက်ပို့ဆိုလို့ "

" ဪ ရပါတယ် "

" အဲဆို ကျွန်တော်အထုတ်တွေကူဆွဲပေးမယ်လေ အထုတ်တွေကရော "

အိမ်ထဲကို ဇိုးဇိုးဇွက်ဇွက်၀င်‌လာတဲ့ နှစ်ယောက်

မောင့်သူငယ်ချင်းတွေ ပီသပါပေ့။

ပြင်ထားတဲ့ အထုတ်တွေကို နှစ်ယောက်သား အကုန်ဆွဲကာ သူကို လုံး၀မထိခိုင်း။

" နေ နေ ကျွန်တော်တို့ဘဲ သယ်မယ် Hyung "

" Hyungကလည်း ယောင်္ကျားလေးပါ "

" သိပါတယ် Taetae Hyungရဲ့
Hyung ယောင်္ကျားလေးမှန်း၊
ဒါပေမဲ့ ကျွန်တော်တို့က အငယ်လေ အကြီးဖြစ်တဲ့ Taetae Hyungကို သယ်ခိုင်းလို့ ဘယ်ဖြစ်မလဲ "

ပြောပြောပြီး အကုန်မကာ အခန်းထဲကထွက်ပြီး ဓာတ်လှေကားကို တည့်တည့်မတ်မတ်သွားနေတဲ့ နှစ်ယောက်

ဓာတ်လှေကားထဲ ရောက်တော့

" Eunwoo"

" ဗျာ "

" Min Yaungနဲ့ အဆင်ပြေရဲ့လား "

" ဒီလိုပါဘဲ "

ခေါင်းကုတ်ကာ ရယ်ကျဲကျဲနဲ့ ဖြေတဲ့ Eunwoo

" သူက နည်းနည်းဆိုတော့ သည်းခံပေါ့ "

" ဟုတ် Taetae Hyung "

ဓာတ်လှေကားရပ်သွားတော့ သူတို့လည်း ခပ်မြန်မြန် ကားဆီကိုသွားလိုက်တော့သည်။

ကားပေါ်ရောက်တော့လည်း ဟာသတွေပြောနေတဲ့ Eunwoo နဲ့ BamBamကြောင့် သူမှာ မောင်ကိုတောင် မေ့သည်ထိ ရယ်နေမိသည်။

International Play Boy MgWhere stories live. Discover now