အို မေမေရဲ့အကြည့်တွေဟာ ကျွန်မကို နားလည်ပါတယ် သမီးရယ် ဟု ပြောနေသလိုပင်။ကျွန်မ မေမေ၏ ရင်ခွင်ထဲတွင် ခေါင်းဝှက်ကာ ရှိုက်လိုက်သည်။

"ပေးပါတယ် မေမေရယ်၊သမီး ကတိပေးပါတယ်၊သူတို့သားအမိကိုသာ စောင့်ရှောက်ပေးပါ"

မေမေသည် ကျွန်မကို ထွေးဖက်၍ အငိုတိတ်စေလေသည်။

မမဝေနှင့် ဆုံရန်ချိန်းထားသော်လည်း မမဝေမှာ ဂျူတီလဲ၍မရသောကြောင့် ဆေးရုံကိုပဲလာခဲ့သည်။

မမဝေသည် လူနာကုတင်အနားတွင် အလုပ်ရှုပ်နေလေသည်။ထို့နောက် ကျွန်မကို လှမ်းမြင်၍ နှုတ်ဆက်သည်။

"အခန်းထဲကစောင့်နေကေသီ၊မမလာခဲ့မယ်"

ကျွန်မ စောင့်နေပြီး သိပ်မကြာလိုက်။မမဝေ ဝင်လာသည်။

"လာ ကေသီ၊ဆိုင်တစ်ဆိုင် သွားရအောင်"

"ဟင်၊မမဝေ မအားဘူးမဟုတ်လား"

"မင်းမင်းထွန်း ရောက်လာတာနဲ့ သူ့ကို အကူအညီတောင်းထားခဲ့တယ်"

မင်းမင်းထွန်းဆိုတာ အသစ်ပြောင်း လာသည့် မမဝေတို့နှင့်ဆေးကျောင်း တစ်နှစ်တည်း အောင်လာသူ မမဝေ၏ သူငယ်ချင်းဖြစ်သည်။

မမဝေသည် မြနန္ဒာနေသည့်နေရာနှင့် နီးသည့် ဆိုင်တစ်ဆိုင်ကို ရွေးလေသည်။နောင်တမရပါဘူးလို့ မေမေ့ကို ကတိပေးမိပြီးခါမှ ရင်ထဲတွင် လှုပ်ရှားလာပြန်သည်။

စကားပြော၍ ပြီးခါနီးတွင် လူနာအရေးကြီး၍ ဖုန်းဆက်လာသောကြောင့် မမဝေမှာ ကျွန်မကို မြန်မြန်နှုတ်ဆက်၍ ပြန်သွားရသည်။

မြနန္ဒာနေသည့် နေရာရှေ့ဖက်အရောက်တွင် ကျွန်မ ကားရပ်လိုက်မိသည်။ကျွန်မ သူ့ကို သိပ်တွေ့ချင်လာခဲ့သည်လေ။ဒါပေမယ့် မသွားသင့်မှန်းလည်း သိနေခဲ့သည်။သူ့ရှေ့ရောက်တဲ့အခါ ခံစားချက်တွေကို မြိုသိပ်ပြီး နေနိုင်ရင်တောင်မှ ဘယ်လောက်အထိ တောင့်ခံနိုင်မလဲ ကျွန်မကိုယ်ကျွန်မ မသေချာပါ။သိပ်မကြာခင် သူနဲ့ ဝေးရာကို ထွက်သွားရတော့မည်ဟူသည့် အသိကလည်း ခြောက်လှန့်နေပြန်သည်။ဖုန်းမြည်လာ၍ လန့်သွားသည်။

To Cathy With LoveWhere stories live. Discover now