28. နိုင်ငံတော်စျာပန

Start from the beginning
                                    

အဖြစ်မှန်တွေမသိခဲ့လျှင်တော့ သူ့အသက်ကို လုပ်ကြံတဲ့ကိစ္စဖြစ်လျှင်တောင် ဆောန်မီကိုအားနာပြီး လျစ်လျူရှုပေးလိုက်မှာ ဖြစ်ပေမယ့် အခုကတော့မတူချေ။

အိမ်ရှေ့စံက သူ့အသက်ကိုလုပ်ကြံချင်ရုံသာမက ဆောန်ကြောင့်ကံဆိုးပြီး အသက်သေဆုံးရသည်ဆိုပြီး ဆောန်အပေါ်အပြစ်တွေပုံချချင်သေးတာဖြစ်သည်။

သူသာ မပါးနပ်ခဲ့လျှင် ဆောန်က သူ့ကို နှစ်ကြိမ်နှစ်ခါဆုံးရှုံးရပြီး နှစ်ကြိမ်လုံးသူမျက်နှာက်ိုမြင်ခဲ့တာကြောင့်ဟူသောစိတ်ဖြင့် တစ်သက်လုံးစိတ်ဒဏ်ရာကနေ ရုန်းမထွက်နိုင်ဘဲ သူ့ကိုယ်သူအဆုံးစီရင်သွားသည်အထိပင် ဖြစ်နိုင်သည်။

" အိမ်ရှေ့စံနဲ့မင်းက တကယ်ကိုလိုက်ဖက်တဲ့ အိမ်ထောင်ဖက်တွေပဲ တစ်ယောက်က ငါ့ကို လုပ်ကြံပြီး ဆောန်ကို လွှဲချဖို့ကြံတယ်။

တစ်ယောက်ကတော့ ငါအတိတ်မေ့နေတာကို အခွင့်ကောင်းယူပြီး ဆောန်နေရာမှာ ဝင်ဟန်ဆောင်ရင်း ငါ့ရဲ့မျက်နှာသာပေးမှုကို
အခွင့်ကောင်းယူတယ် "

ထိုစကားကိုကြားလိုက်ရသော ဆောန်မီမှာ သူ့နားသူမယုံနိုင်သလို အံ့အားသင့်နေပြီး ရပ်နေရာမှာ နောက်သို့နှစ်လှမ်းလောက်ဆုတ်သွားသည်။

" နင် နင်ပြန်မှတ်မိသွားပြီပေါ့ဟွန်း

ငါ့ကိုအပြစ်မတင်နဲ့ ငါသူ့နေရာမှာ ဟန်ဆောင်ခဲ့တယ်ဆိုတာလည် နင့်ကိုချစ်တဲ့စိတ်နဲ့လုပ်ခဲ့မိတာပဲ "

" စကားပြောဆင်ခြင်ပါ။
အဲဒီအချိန်တုန်းက
သူ့ဘာသာတောင် မိဘကပြစ်ပယ်ခံထားရလို့ စိတ်အားငယ်နေတဲ့ကလေးကို မင်းက ဘာရည်ရွယ်ချက်နဲ့ဖမ်းခေါ်ပြီး ဒုက္ခတွေပေးခဲ့တာလဲ "

ဆောန်မီက
ထိုအမေးကိုချက်ချင်းပြန်မဖြေဘဲ အသက်မဲ့စွာရယ်နေသည်။

" ငါလည်း ငါ့အဖေနဲ့နတ်ဆရာမပြောတဲ့အတိုင်း လိုက်လုပ်ခဲ့ရတာပဲ ငါလည်းနစ်နာသူပဲလို့ ။

နတ်ဆရာမကိုယုံပြီး ငါ့အဖေကဇွတ်အတင်း ငါနဲ့အဲ့ကံဆိုးကောင်ရဲ့ ကြမ္မာကိုလဲလှယ်ဖို့လုပ်ခဲ့တာ။

ငါ့အဖေကိုကြောက်လို့သာ
မဟုတ်ရင် ငါက ဘာလို့ ကံဆိုးကောင်နဲ့ ကံကြမ္မာချင်းလဲချင်ပါ့မလဲ ။

Majestic Love Story In Dae Goguyeo Where stories live. Discover now