သူမ၏အသံ တုန်ခါသွားရ၏။

စူးကျိုက်ကျိုက်၏မျက်နှာမှာ နီမြန်းလာရပြီး သူမကိုယ်သူမ ရှင်းပြရန် ကြိုးစားနေသည်။

"ဒီနှစ်မှ ငါက ဆယ့်ငါးနှစ်ပဲရှိသေးတာ..."

သူမ၏လေသံမှာ တိုးညင်းသွားပြီး ကြောက်ရွံ့စိတ်ကြောင့် သူမ၏စကားများမှာ နည်းနည်းလေး နားမလည်နိုင်အောင် ဖြစ်နေသည်။ သို့သော် 'ဆယ့်ငါးနှစ်' ဟူသော စကားလုံးသုံးလုံးမှာတော့ အတော်လေးရှင်းလင်းနေပါသည်။

ကျန်းလုရန့် : "......."

ကျန်းလုရန့်၏ အမြဲတမ်း အေးခဲနေသော အမူအရာသည် နောက်ဆုံးတွင် အနည်းငယ် အက်ကွဲသွားသည်ကို မြင်လိုက်ရသဖြင့် စူးကျိုက်ကျိုက် ရှက်ရွံ့သွားသော်လည်း သူမ ဘာမှမပြောနိုင်ပေ။

သူမ တွန့်ဆုတ်သွား၏။

သူမ စကားပြောလိုက်မည်ဆိုလျှင် သူ့အဖြေသည် လေးနက်ပြီး ရက်စက်ကြမ်းကြုတ်စွာ ငြင်းပယ်ခံရမည်ကို သူမ အမှန်တကယ် ကြောက်နေမိသည်။ နောက်တစ်ကြိမ် သူ ထပ်မေးလာခဲ့ပါက သူမ ဝန်ခံလိုက်တော့မှာ အသေအချာ။

ကျန်းလုရန့်က သူမကို တစ်ချက်ကြည့်လိုက်သည်။

သူ့ပါးပြင်များသည် သိသိသာသာ နီရဲသွားကာ အရိပ်အယောင်များ ကျန်ရစ်ခဲ့သည်။ ထို့နောက် လှည့်ထွက်သွားပြီး သူ့ခြေသံက အနည်းငယ် ရှုပ်ထွေးနေသည်။

သူ ပြေးနေသလိုမျိုးပဲ...

စူးကျိုက်ကျိုက်သည် လက်တွေ့ကျကျ သူမ၏အိပ်ဆောင်သို့ ပြန်ပြေးသွားခဲ့သည်။ ကျန်းကျားမှာ အိပ်ယာပေါ်ရှိနေပြီဖြစ်ပြီး စူးကျိုက်ကျိုက်၏ လျင်မြန်သောအသွင်အပြင်ကို သူမမြင်လိုက်ရသောအခါတွင် သူမက စူးစမ်းလိုစိတ်ဖြင့်

"နင် ဘာဖြစ်နေတာလဲ?"

မီးပိတ်ချိန်နီးနေပြီဖြစ်လို့ စူးကျိုက်ကျိုက်မှာ သူမကို ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ သူမအဝတ်အစားတွေကို အမြန်ဆွဲယူပြီး ရေချိုးခန်းဆီ ပြေးသွားကာ

"ပြန်လာမှ ငါပြောပြမယ်!"

သူမက တိုက်ပွဲဝင်နေသလိုမျိုး ငါးမိနစ်ခန့် အမြန်ရေချိုးလိုက်သည်။ သူမ ထွက်လာတော့ အိပ်ဆောင်မီးတွေ ပိတ်နေပြီ။ စူးကျိုက်ကျိုက်သည် သူမ၏အဝတ်အစားများလျှော်ရန် လသာဆောင်သို့ အမြန်သွားပြီးနောက် စိုစွတ်သောဆံပင်များဖြင့် အိပ်ရာသို့ ပြန်လာခဲ့သည်။

When I Fly Towards You ( ဘာသာပြန် )Where stories live. Discover now