169. စိတ်ဝင်စားစရာကောင်းသော ပွဲ

Start from the beginning
                                    

ထို့ကြောင့် သူမကိုယ်တိုင် သူမရှင်းပြရပေမည်။

မို့ရွှမ်မင် သည် သွားများကို အံကြိတ်ကာ ယုမင်ရုံကို ဒေါသတကြီး စိုက်ကြည့်နေသည် ။ အခြားသူများ၏ သနားစာနာမှုကို နှိုးဆွပေးနိုင်သည့် သူမ၏ နှုတ်ခမ်းများက ခါးသီး ဝမ်းနည်းမှု အရိပ်အယောင်များ ရှိနေသည်။  သူမသည် မိုစု၏လက်ကို ကိုင်ထားပြီး ယုမင်ရုံ၏လမ်းကို ခက်ခက်ခဲခဲ ပိတ်ဆို့လိုက်သည်။ အခုချိန် ယုမင်ရုံကို သူမ မတားနိုင်ခဲ့လျှင် သူ့ကိုယ်သူ အပြစ်မရှိဟု ဆိုရန် အခွင့်အရေး ဘယ်တော့မှ ရှိလာလိမ့်မည် မဟုတ်ပေ။

"ဘာဖြစ်လို့လဲ ၊ မင်းက တခြားသူနဲ့ မင်းရဲ့ မဖွယ်ရာဆက်ဆံရေးတွေကို ငါကိုကြည့်စေချင်လို့ ငါ့ကို တားနေတာလား ၊ ငါစိတ်မဝင်စားလို့ ငါတကယ်တောင်းပန်ပါတယ်" ယုမင်ရုံက တခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ဘဲ တော်တော်မိုက်မဲတဲ့ အသံဖြင့် ပြောလိုက်သည် ။

မို့ရွှမ်မင်၏ မျက်လုံးများတွင် မျက်ရည်များ ရုတ်တရက် စီးကျလာပြီး သူမသည် မိုစု၏လက်ကိုလွှတ်လိုက်သည် ။ ထို့နောက် သူမသည် စာဆီသို့ လှမ်းသွားပြီး ကောက်ယူလိုက်သည်။ ကြည့်လိုက်တော့ သူမမျက်နှာက ဖျော့တော့သွားခဲ့တယ်။ ထိုစာတွင် ဒီည သန်းခေါင်ယံအချိန် ချင်းယုဥယျာဉ်မှာ တွေ့မယ်လို့ ပြောထားပြီး စီမာလင်းရန်က လက်မှတ် ရေးထိုးထားခဲ့တယ် ။

ထိုစာကြောင့် စီမာလင်းရန်ကိုလူတိုင်းစွပ်စွဲကြသည်မှာ အံ့သြစရာမဟုတ်သော်လည်း ထိုစာကို စီမာလင်းရန်မှရေးသားထားခြင်းမဟုတ်ကြောင်း သူမသေချာသိပါသည်။ စီမာလင်းရန်သည် အကျပ်ရိုက်နေပြီး ပိတ်မိနေချိန်တွင် ထိုသို့သောအမှုကို မလုပ်နိုင်ပေ။  ဒါဆို ဒီစာက သူ့မဝတ်ရုံလက်စွပ်ထဲကို ဘယ်တုန်းက ဝင်လာခဲ့တာလဲ။  သေချာတာကတော့ မိုစုက သူမကို ပေးခဲ့တာပါ။ သူမကို အိမ်အကူတွေနဲ့သာ ဝိုင်းရံထားပြီး သူမနဲ့ တခြားသူတွေကြား အတော်လေး အကွာအဝေးရှိခဲ့ပါတယ်။ ထိုစာကို ဘယ်သူက လျှို့ဝှက်ပြောင်းထားလဲ ဆိုတာကို သူမ အံ့ဩလောက်အောင်ကို သိချင်နေမိသည် ။

မို့ရွှမ်မင်က မတ်တပ်ထရပ်ပြီး တော်တော်များများကို တွေးနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ထိုကိစ္စကို သူမလက်မလွှတ်နိုင်ဘဲ သူမစကားတွေကိုသာ တွေးတော့နေမိသည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now