[ Zawgyi  ]

ဒူး ဒူး ဒူး ဒူး……။
ရဟတ်ယာဉ်တစ်စင်းရဲ့ကြီးမားတဲ့ပန်ကာကြီးက အလွန်ဆူညံနေသလို သူ့ရဲ့ကိုယ်ထည်ကလည်း ယိမ်းထိုးနေပြီးတဲ့နောက် ဟိုတယ်ခေါင်မိုးပေါ်ကို ဖြည်းဖြည်းချင်း ဆင်းသက်လာတယ်။
အနက်ရောင်ဝတ်စုံနဲ့လူတွေက ရဟတ်ယာဉ်တံခါးကို ဖွင့်ပြီးဆင်းလာကြတယ်။ သူတို့က ရဟတ်ယာဉ်ရှေ့မှာ အကာအကွယ်အဖြစ် စီတန်းလိုက်တဲ့အချိန်ကျမှ မူယွန်က ခြေချပြီး အလျင်အမြန် ဆင်းသက်လာတယ်။
အချိန်ဇယားတွေအများကြီး နောက်ဆုတ်လိုက်ရပေမဲ့ သူ့မှာ အချိန်အများကြီးမရတာကြောင့် ဒီနေရာကို ရဟတ်ယာဉ်နဲ့ပဲ တန်းလာလိုက်ရတယ်။ ဒီဟိုတယ်က မူယွန်အုပ်ချုပ်တဲ့ ဆိုးဂန်းအုပ်စုရဲ့လက်အောက်က အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယူအီရင်းက ဒီဟိုတယ်ရဲ့အထူးခန်းမှာ ရှိနေတယ်။

“ဒါရိုက်တာက စောင့်နေပါတယ်”

“ကောင်းပြီ၊ ငါက ယူအီရင်းနဲ့တွေ့ပြီးရင် ပြန်မှာမလို့ သူ့ကို ပြန်ခိုင်းလိုက်ပါ”

“ရိုက်ကွင်းအခြေအနေက သိပ်အဆင်မပြေတာမလို့ တစ်ချက်လောက် သွားကြည့်သင့်တယ်ထင်ပါတယ်”

“ဟုတ်လား”

မသေချာတဲ့အမူအရာကြောင့် မူယွန်က သွားနေရာကနေ အမြန်ရပ်ပြီး အတွင်းရေးမှူးယောကို ကြည့်လိုက်တော့ အတွင်းရေးမှူးက လည်ချောင်းအနည်းငယ်ရှင်းပြီး စကားလုံးတွေ ရွေးနေတာကိုတွေ့တော့ မူယွန် မျက်ခုံးပင့်လိုက်မိတယ်။

“အင်း…. ဒီမှာ မစ္စတာယူအီရင်းက ဆိုးဂန်းအုပ်စုရဲ့ တရားမဝင်သားဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပါတယ်”

“တရားမဝင်သား…”

မူယွန်က ပြန်မေးလိုက်တော့ အတွင်းရေးမှူးယောက အခက်တွေ့နေတဲ့ပုံနဲ့ ပြုံးပြလာတာကြောင့် မူယွန်ရဲ့မျက်ခုံးတန်းတွေက တွန့်ချိုးသွားပြန်တယ်။

“သောက်ကျိုးနည်း ဒီလိုကောလာဟလတွေကို ဘယ်သူက ယုံတာလဲ”

“ဒါရိုက်တာချွဲက အခု အဲ့ဒီကောလာဟလတွေကြောင့် စိုးရိမ်နေပုံရပြီး အဲ့ဒီအတွက် CEO နဲ့ တွေ့ပြီး စကားပြောချင်နေတာပါ…”

SponsorWhere stories live. Discover now