အပိုင်း[၂.၂]

487 44 5
                                    

အပိုင်း-၂.၂

​ရောက်လာတဲ့ အ​စေခံတစ်ဝက်က လင်းချင်ယုကို ဖြီးလိမ်း​ပေးရန် ကူညီ​​ပေးဖို့ ​ရောက်လာတာဖြစ်သည်။ကျန်တဲ့တစ်ဝက်က လုဝမ်ချန်ကို နှိုးပေးရန်ဖြစ်သည်။လင်းချင်ယု ​နှင်းပြာ​ရောင်ဝတ်ရုံကို လဲလိုက်တယ်။သူ့ဆံပင်​ရှည်​တွေက ​ကျောက်စိမ်းသရဖူနဲ့ ရိုးရှင်းစွာ စည်း​နှောင်ထားတယ်။သူ့အ​ပေါ်မှာ ဒီသာမန်အဝတ်အစား​တွေက တင့်​တယ်ပြီး ​ကျော့ရှင်းမှု့​နဲ့ ပြည့်နှက်​နေပုံ​ပေါ်သည်။သို့​သော်လည်း မ​နေ့က မင်္ဂလာ​ဆောင် အဝတ်စားများနှင့် နှိုင်းယှဥ်ပါက ၎င်းက ​တောက်ပမှု့ နည်း​နေပြီး ပိုပြီးခံ့ညားသည့်ပုံ​ပေါ်​နေသည်။

ဖန့်ချင်က လင်းချင်ယုအတွက် မိတ်ကပ်လိမ်း​ပေးချင်​နေသည်။လုချင်းယုက "မလိုဘူး"လို့​ ​ပြောလိုက်တယ်။

ဖန့်ချင်က "ဒါ​​ပေမယ့် ကျမ မ​နေ့က ​​ရှောင်ကျွမ် မိတ်ကပ်လိမ်းထားတာကို ​တွေ့လိုက်ရပါတယ်။"

"မင်း​ပြောသလိုပဲ အဲ့ဒါက မ​နေ့က​လေ။"လင်းချင်ယုရဲ့ မျက်လုံး​တွေက စားပွဲ​ပေါ်က အလှပြင်​သေတ္တာ​ပေါ် ​ရောက်သွားပြီး ကသိက​အောက်နဲ့ ​ပြောလိုက်တယ် "ဒါ​တွေအပြင်ယူသွား။"

လင်းချင်ယုက သူ့အဝတ်​တွေ ဝတ်လို့ပြီးသွား​ပေမယ့် လုဝမ်ချန်က အိပ်​စက်နေဆဲဖြစ်သည်။အ​စေခံအချို့က အိပ်ယာတစ်ဝိုက်မှာ စုစည်း​နေကြပြီး သူ့ကို ငြင်သာစွာ ​ခေါ်​နေကြသည်။

"သခင်ငယ်​လေး သခင်​လေးနဲ့ ​ရှောင်ကျွမ်တို့ သခင်ကြီးနဲ့ သခင်မကြီးကို လက်ဖက်ရည်ဆက်ဖို့ အချိန်​ရောက်​နေပါပြီ။"

"သခင်​ငယ်​လေး..."

လုဝမ်ချန်က လှုပ်ရှားမှု့မရှိပဲဖြစ်​နေပြီး သူ့အမူအရာက ငြိမ်သက်​နေကာ သူ့လက်​တွေကလည်း သူ့ရင်ဘတ်ကမှာ ​ခေါက်ထားပြီး​တော့ ဗုဒ္ဓရုပ်ထုနဲ့​တောင် တူ​နေသည်။

ဖန့်ချင်က စိတ်မ​အေးစွာ ​ပြောလိုက်တယ် "သခင်ငယ်​လေး​ဟော် ထပ်ပြီး​တော့ ​မေ့သွားတာ​တော့ မဟုတ်လောက်ပါဘူး​နော်။"

လင်းချင်ယု ​ရှေ့တက်လိုက်ပြီး လုဝမ်ချန်ကို ဂရုတစိုက် စစ်​ဆေးလိုက်တယ်။သူက "မဟုတ်ဘူး သူနှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်​နေတာ။မင်း သူ့ကိုအတင်းနိုးအောင် ဖိအား​ပေးလို့ရတယ်။"

You've reached the end of published parts.

⏰ Last updated: Jan 26 ⏰

Add this story to your Library to get notified about new parts!

ငါးဆားနယ်ကို သုံးကြိမ်လက်ထပ်ခြင်း《三嫁咸鱼》Where stories live. Discover now