အပိုင်း(25)

Start from the beginning
                                    

"သားသား ဘာတွေဂျီကျနေတာလဲ''

မောင် နဲ့ကိုသန့်စင်က ထမင်းစားနားချိန်ဆိုတော့ အိမ်ထဲဝင်လာပြီးသူ့သားဂျီကျနေတာကို ကြားသွားတယ်ထင်သည်။

"ချစ်လွန်းအိမ်လေးကို ပြန်ထည့်မပေးချင်လို့တဲ့လေ''

"သားသား က ချစ်လွန်းလေးက တီတီတို့မွေးထားတာလေ သူ့မိဘတွေနဲ့ နေချင်တာပေါ့ သားသား ရော အဖေတို့နဲ့အမြဲခွဲနိုင်လို့လား''

"ဟင့်အင်  မခွဲနိုင်ဘူး ''

"အင်း လေ သားသားတောင် မခွဲချင်တာညီမလေးကရောခွဲချင်မလား သားရဲ့ ပြီးတော့ ဖေဖေနဲ့မေမေ တောင် သားကိုမခွဲချင်တာ ဦးဦးနဲ့တီတီ ကရော သူ့တို့သမီးလေးနဲ့ဘယ်ခွဲချင်ပါ့မလဲ သားသားတောင်ညီမလေးနဲ့မခွဲနိုင်ရင် ညီမလေး ရဲ့ဖေဖေနဲ့မေမေဆို ပိူဆိူးမှာပေါ့ ဒါတောင် ညီမလေးကို သားစီကိုခေါ်လာပေးတယ်မလား''

"ဟု ''

" အခုက ညီမလေးက သူ့မိဘဆီပြန်ဦးမှပေါ့သားသားရဲ့ ညီမလေး ဆီသွားချင်ရင်လဲ နီးနီးလေးရယ် လေ ဖေဖေ လိုက်ပို့ပေးမှာပေါ့ညနေကျရင် ဟုပြီလား အခုတော့  ညီမ လေးကို ပြန်ထည့်လိုက် နော်''

"ဟု ဖေဖေ''

သားသားက သူ့အဖေ ပြောရင် နားထောင်သည် ။.မောင်ကလဲ သူ့သား ကို တော်ရုံမမာန်အမြဲ လေသံအေးအေးလေးနဲ့ ရှင်းပြသည်။

"ကဲ ဖိုးကံကောင်း လေး.ညီမလေး အာ့လောက်လိုချင်ရင် မင်း ဖေဖေနဲ့မေမေကိူမွေးခိုင်းကွာ ဟုပြီလား အာ့ဆို မင်းအမြဲအနားမှာခေါ်ထားလို့ရတယ်''.

"မပန် စကားဝါတိူ့ ပြန်မယ်နော် သမီး ကိုကို့ ကို တာတာ့ ပြလိုက်ဦး ''

"တိုတို့ ချစ်ချစ် ကျန်ပြီနော် တာတာ့''

"အင်း ချစ်ချစ် မနက်ဖန်ကျထပ်လာခဲ့နော် ညနေကျ ရင်ကိုကို ချစ်ချစ်ဆီ လာခဲ့မယ် သိလား''

"ဟု ''

ကိုသန့်စင်တို့ပြန်သွားတော့ သားနဲ့မောင်က ရှေ့မှာ စာဖတ်ရင်းကျန်ခဲ့သည်။ပန်ကတော့ နေ့လည် စာစားဖို့ ပြင်ရန် မီးဖိုထဲ ဝင်ခဲ့လိုက်သည်။ပြင်ဆင်လို့ပြီးတော့ မောင်တို့ကိုလှမ်းခေါ်လိုက်သည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now