အပိုင်း(13)

3.3K 141 4
                                    

သွယ်မနေ့က ဟိုတစ်ယောက်နဲ့သွားတွေ့ပေမဲ့လဲ ဘာမထူးပါ။ ရိုးရိုးအအ ထင်ထားပေမဲ့တကယ်တမ်းစကားပြောကြည့်တော့ မလွယ်ပါ ။ သွယ်က သာ ပြောနေရင်း ဒေါသ ထွက်ရပေမဲ့သူကတော့ အေးအေးဆေးဆေးသာဖြစ်သည်။ တစ်နည်းမရတော့လဲ တစ်နည်းပေါ့ သွယ်လက်မလျှော့နိုင်ပါ အကိုက သွယ်ရဲ့အချစ်ဦးဖြစ်တဲ့အတွက်ပိုလိုတောင် လက်မလွှတ်ချင်ပါ။ ခက်တာက အကိုက အခုတောင် အနားကိုအကပ်မခံတော့ပါ အခူဆိုဟိုတစ်ယောက်ဆီမှာ ကလေးရှိနေပြီဆိူတော့ ပိုတောင်ဆိုးဦးမည်။ ကိုယ်ဝန်ရှိလဲ အရေးမှမဟုတာ အာ့ကိုယ်ဝန်သာမရှိတော့ရင် အကိုက မုန်းသွားနိုင်လောက်သည်။ ဘာပဲ ဖြစ်ဖြစ် ဘာပဲလုပ်ရလုပ်ရ အကိုက သွယ့်အပိုင်ဖြစ်ဖို့အတွက် သွယ် အကုန်လုပ်မည် ။ သွာ်ဘဝမှာ လိုချင်တာရှိရင် မရရအောင် လုပ်တတ်သည့်အကျင့်ရှိသည်။.အခု အကိုလဲ သွယ့်အပိုင်ဖြစ်လာစေရမည်။

ပညာတတ်မိန်းကလေးတစ်ယောက်ဖြစ်ပြီး အိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကို လိုချင်နေသည့်အပြင်အခုလဲတခြားသူရဲ့ ကလေးကို ပါအန္တာရယ်ပြုဖိူ့စဥ်းစားနေသည်။ သူများကိုဒုက္ခပေးဖို့စဥ်းစားလေ ကို့မှာပူလောင်ရလေ ဖြစ်နေတာကိုသူမသိ။သူ့ရဲ့အတ္တတွေကြောင့် သူဒုက္ခရောက်ဦးမည်ဆိုတာလဲစဥ်းစားမိပုံမရ။

မောင်နဲ့ကိုသန့်စင်က မြို့ကိုသွားတော့ ဆိုင်မှာ ပန်နဲ့ ပန်းနု နှစ်ယောက်ထဲနဲ့ လည်နေသည်။ဒီကြားထဲပန်းနုက ပန့်ကို အလုပ်မလုပ်ခိုင်းပဲ အတင်းသာအိမ်ထဲ ပြန်ဝင်ခိုင်းနေသည်။

"ပန်ပန်ရယ် သွားစမ်းပါဟယ် ဆိုင်ထဲမလာပါနဲ့ဆို အခုချိန်က ဂရုစိုက်ရတယ်ဟဲ့ သွား အိမ်ထဲဝင်''

"အမလေး ပန်းနုရယ်ဘာမဖြစ်ပါဘူးဟယ် နင်ကလဲ ငါမလာရင်နင်တစ်ယောက်ထဲအဆင်မပြေဘူးလေဟယ်အာ့တာကြောင့်ငါက ဆင်းလာတာ''

"မလိုဘူး ရတယ် ငါ့ဘာသာနိုင်တယ်နင်သာအေးအေးဆေးဆေးနားနေပြီးတော့ဒီနေ့ ကိုကြီးတို့ပြန်လာမှာမလား သွားအိမ်ထဲဝင်ပြီးထိုင်စောင့်နေ''

" အယ် ဟုသားပဲ မောင်ပြန်လာမှာ ငါဟင်းမချက်ထားရသေးဘူး ချက်လိုက်ဦးမယ်''
ပန်ကပြောပြီး အိမ်ထဲကို ခပ်မြန်မြန်ပြန်တော့ ပန်းနုကလှမ်းအော်သည်

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now