အပိုင်း(8)

3.8K 177 4
                                    

မနက်စာ ထမင်းကြော်စားပြီးတော့ ပန်က နောက်ဖေးခြံက ကန်စွန်းရွက် ၊ချည်​ပေါင်ရွက်၊ ဘူးရွက် ဖောက်သည်ပေးဖို့ခူးပြီးအနေတော်အစီးလေးတွေစည်းရသည်။ ပန်ပန် ဟင်းရွက်တွေစီးနေတုန်း မောင်က ကိုသန့်စင် တို့အိမ်ဖက်ကိုထွက်သွားလေသည်။

" အမေရေ အမေ ''    ကျွန်တော် လှမ်းအော်တော့အမေက နောက်ဖေးကနေပြန်အော်လေသည်။

" အေး သားခန့်လား ထိုင်ဦးသားရေ အမေ ဟင်းအိုးလေး ခနချဦးမယ် '' 
အာ့လို ပြောပြီးအမေက အိမ်ရှေ့ကိုလက်ဖက်ရည်ဗန်းလေး ကိုင်ပြီးထွက်လာသည်။

" သား ဒီမှာ လက်ဖက်ရည်လေးသောက် ထန်းလျက်လေးလဲစား ဘာပြောမလို့လဲသား အိမ်ကိုလာတာ ပန်လေးရော ''
အမေကမေးတော့ ကျွန်တော်လဲ

" ပန်က အိမ်မှာ ဟင်းရွက်တွေခူးပြီးစီးနေတယ် သားက သန့်စင် နဲ့တိုင်ပင်စရာရှိလို့''
ကျွန်တော် ပြောတော့အမေက

" သြော် သန့်စင်က လယ်ထဲ ခနသွားတယ်သားရဲ့မိုးစပါး​တွေရိတ်ပြီးပြီလေ အာ့တာလယ်တွေကိုသူပဲ ပြန်ဦးစီးတော့မှာဆိုတော့ရှင်းစရာရှိတဲ့ပိုက်ဆံကိစ္စဘာညာသွားရှင်းတယ် ခနနေတော့ပြန်လာတော့မှာပါ''

" ဟုကဲ့ အမေ ဒါနဲ့ ပန်းနုရောမမြင်မိပါလား ''

" ရွာထဲလျှောက်သွားနေတာနေမှာပေါ့သားရယ်အာ့ကောင်မလေးကအိမ်မှာကိုမနေချင်တာ မအေကို ကူလုပ်မယ်မရှိဘူး '' 

" သြော်  အမေရယ်သူလဲ လူငယ်ပဲ  ပြီတော့ကလေးသာသာရှိသေးတာကို ''

" အမလေး ၁၈ပြည့်လို့၁၉ထဲဝင်နေပြီ ဘယ်နှယ့် ကလေးတုန်း ပန်ပန်လေး ဆို အကုန်လုပ်တတ်နေပြီသူ့လိုမဟုဘူးး သူ့ကျမှသာအမေလဲ ထိန်း မနိုင်တော့ဘူး''   အမေနဲ့ကျွန်တော်စကားပြောနေရင်း သန့်စင်က ပြန်လာလေသည်။ ပန်းနုပါ တခါထဲ  ဝင်လာသည်။

" ဟာ တည်ကြည် ပူပူ နွေးနွေး သတို့သားကြီးက မိန်းမ နားကပ်မနေပဲ ဘာလာလုပ်တာတုန်း''    သန့်စင်က အိမ်ထဲဝင်ဝင်ချင်းကျွန်တော့်ကိုတန်းစသည်။ပန်းနုကလဲ သူ့အကိုဘေးကိုဝင်ထိုင်သည်။

" လယ်ကိစ္စ လာတိုင်ပင်တာပါကွာ အမေပေးထားတဲ့ လယ်ကို စပါးလေးစိုက်မလားလို့ကွ သူများလဲ အငှားမပေးချင်ဘူး လေ ''

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now