အပိုင်း(10)

3.5K 134 0
                                    

မောင်နဲ့ကိုသန့်စင်က မြို့သွားမှာမို့လို့ ပြင်ဆင်နေကြသည် ။ ပန်ကတော့ အိမ်မှာပဲ ကျန်ခဲ့မှာဖြစ်သည် ပန်းနုကလဲ ပန်တို့သတင်းကြားတော့ ဟိုဖက်ရွာကနေ ချက်ချင်းပြန်လာသည်။ အခု ပန်တို့အိမ်ကိုရောက်နေတာဖြစ်သည် မောင်သွားရင် အိမ်မှာ ပန်တစ်ယောက်ထဲဆိုတော့ အဖော်လာအိပ်ပေးတာ ဖြစ်သည်။ ရွာမှာလဲ သတင်းတွေကပျံ့နေပြီ။ဘူးအပေါက်တစ်ရာသာပိတ်လို့လွယ်တာ လူ့ပါးစပ်တစ်ပေါက်ကိုပိတ်ဖို့ဆိူတာခက်တယ်မလား ။ ကိုမျိုးက မပြောလဲ တခြားသူတွေကပြောတာနဲ့တင် သိကုန်ကြတာပဲ ဖြစ်ရမည်။ ပန်းနု ပြန်ရောက်လာတာသာကြည့် မောင်ကသွားခါနီးပန့်ကိုစိတ်မချဖြစ်နေသေးသည်။

" ပန် မောင်သွားမယ်နော် ဂရုစိုက် ပန်းနုညီမလေး ပန့်ကို သေချာဂရုစိုက် နော် '' မောင် က ပန့်ကို မှာရုံတင်မက ပန်းနုကိုပါမှာနေတော့ ကိုသန့်စင် က ကြည့်မရဖြစ်လာသည်

" ကဲပါ တည်ကြည် ရာမင်းဟာက မပြီးနိုင်မစီးနိုင်နဲ့ မြန်မြန် သွားမှမဟုရင် နောက်ကျနေမယ်''

" အေးပါကွာ သွားမယ် လာ '' မောင်ကပြောပြီး ကိုသန့်စင် နဲ့ထွက်သွား လေသည်။
မောင်တိူ့ သွားတော့ ပန်တို့နှစ်ယောက်လဲ အိမ်ထဲကိုဝင်ပြီးချက်ဖို့ပြုတ်ဖို့လုပ်ရသည်။ ဟိူဖက်ခြံကရှင်းနေတာမပြီးသေးပူးလေ အာ့ကြောင့် ဒီနေ့လဲ အလုပ်သမားတွေက ဆက်ရှင်းနေတာဖြစ်သည်။

မြို့ကိုရောက်တော့ ရွှေဆိုင်ကိုအရင်ရှာရသည်။ဆိုင်သေးလေးတွေက မဝယ်ကြတော့ ဆိုင်ကြီးရှိရာကိုပဲမေးမြန်းပြီးသွားရသည်။ နာရီ ဝက်လောက်လမ်းလျှောက်ပြီးတော့ရွှေဆိုင်ကြီးကို တွေ့ရသည်။ ကျွန်တော်တို့လဲဝင်သွား ရောဆိုင်က ဝန်ထမ်းမလေးက

"ဘာများအလိုရှိပါသလဲရှင် '' လို့မေးတော့ကျွန်တော်တို့လဲပစ္စည်းရောင်းချင်လို့ညီမလေးလို့ ဖြေလိုက်သည် သူက ဆိုင်ထဲဝင်သွားပြီး မန်နေဂျာကို ခေါ်ပေးသည်။မကြာပါ မန်နေဂျာဆိုသူထွက်လာသည် ။လူရည်သန့်ပြီးသဘောကောင်းမဲ့ပုံဖြစ်သည်။ထိုမန်နေဂျာက

" ကဲ ညီလေးတို့ ဘာကူညီပေးရမလဲ '' မေးသည်။ကျွန်တော်တို့လဲ ပစ္စည်း ရောင်းချင်လို့ဆိုပြီးပစ္စည်း ​တွေထုတ်ပြလိုက်သည်။ထိုအကိုက ပစ္စည်းတေ တချက်ကြည့်ပြီးပြောလာသည်။

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now