Part-10 Final

1.3K 33 0
                                    

အသက်ကြီးလာတော့ မောင့်စိတ်ကူးလေးထဲကအတိုင်း နယ်မြို့လေးမှာ ကော်ဖီဆိုင်လေးဖွင့်ဖြစ်သည်။ မောင်စာအုပ်တွေကတော့ ဆိုင်ကို လူငယ်တွေလာဖို့ စွဲဆောင်ချက် တစ်ခုဖြစ်ခဲ့သည်။သားလေးက တက္ကသိုလ် တက်ဖို့ မန္တလေးမှာပဲ မောင့်မိဘတွေနဲ့ဆက်နေသည်။

နယ်မြို့လေးက ဆောင်းတွင်းဆို ရေခဲသည်အထိ အေးတတ်သည်။ ရှမ်းအစားအစာကြိုက်တတ်သည့်မောင့်အတွက် ဒီမြို့လေးက နိဗ္ဗာန်ဘုံတစ်ခုအလား....

"မ"

"ညနေ ကန်ဘောင်လမ်းလျှောက်ထွက်ရင်း မောင်တို့ ညဈေးမှာပဲ တစ်ခုခု စားလိုက်ကြစို့နော့"

"ဟုတ်ပြီရှင်"

အခုလို ရာသီဥတုအေးလာပြီဆို ညနေစာ သိပ်မချက်စားဖြစ်ဘူး။ ညဈေးမှာ ပူပူနွေးနွေးစားလို့ရတဲ့ တစ်မျိုးမျိုးကိုပဲ အလျဉ်းသင့်သလိုစားဖြစ်ကြသည်။တစ်ယောက်အင်္ကျီအိတ်ကပ်ထဲ တစ်ယောက်လက်ထည့်ရင်း အနွေးဓာတ်ဖလှယ်ကြသည်။ထုံးစံအတိုင်း အိပ်ရာဝင်ခါနီးတိုင်း မ ကိုကျွန်တော် စာဖတ်ပြဖြစ်ပါသေးသည်။

တစ်ယောက်ဘဝထဲ တစ်ယောက်ခိုဝင်စ ကာလလေးအတိုင်း ဘဝကိုဖြတ်သန်းဖြစ်ပါသည်။ ကျွန်တော်ချစ်ရတဲ့ ကြည်ပြာရောင်တိမ်တိုက်လေးတစ်ခုကို ကျွန်တော့်ကောင်းကင်ထဲ အမြဲခေါ်ထားရသည်မှာ ကျွန်တော်လိုချင်ခဲ့သောဘဝတစ်ခုဖြစ်ခဲ့ရပါသည်။

------

"Happy Birthday မ"

"ရော့ ဒါက မောင်ပေးတဲ့မွေးနေ့လက်ဆောင်"

အသက်တွေကြီးတဲ့အထိ မောင်မပျက်ကွက်ခဲ့သော တာဝန်တစ်ခုဟာ ကျွန်‌မအတွက် စာလေး ကဗျာလေး ရေးပေးတတ်တာပါပဲ။

အခုဆို မောင်ပေးတဲ့ ၁၀ကြိမ်မြောက်သော လက်ဆောင်လေးလက်ခံရရှိခဲ့သည်။ 

"ချမ်းသာကြီးဘုရားပဲ သွားမှာမလား မ"

"ဟုတ်တယ် မောင် ချမ်းသာကြီးမှာပဲ ရွှေဆိုင်းကပ်ပြီး အပြန်ဈေးဝင်ကြတာပေါ့"

"မောင်အတွက် ဟင်းချက်ပေးမည်လေ"

ပုံမှန် ကျွန်တော်ကပဲ ထမင်းဟင်း ချက်ကျွေးတတ်ပေမယ့် သူမ မွေးနေ့ရောက်တိုင်းတော့ ကျွန်တော်ကြိုက်တတ်တဲ့ဟင်းကို သူမ ကိုယ်တိုင်ချက်ကျွေးတတ်သည်။

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now