"အာ့...ဘာလုပ်တာလဲလို့ နာတယ်လေ"

"ရှင်ဘာလို့ အဲ့လောက်ချစ်ဖို့ကောင်းအောင်နေလဲ အခုတော့ကြည့် ကျွန်မကို ကလေးနှစ်ယောက်အမေလို့ ထင်ကုန်ကြပြီ။"

"ဒါတော့ မောင့်ကုသိုလ်လေ" "ဟဲ ဟဲ"

"အာ့ နာတယ် လွတ်ပါတော့ ဗိုက်ခေါက်တွေပြတ်ပြီလားမသိ"

သွား ၃၂ချောင်းပေါ်အောင် ပြုံးနေတာတော့ ဘေးဝိုင်းက ‌ကလေးမလေးက မောင့်ကိုပဲငေးနေသည်။ကျွန်မလဲ ပိုင်ဆိုင်ကြောင်းပြချင်တာနဲ့ မောင့်ဗိုက်ကို ရန်ရှာမိသည်။နာလို့အော်မှ လွှတ်ပေးပြီး မောင့်နှုတ်ခမ်းကို လှမ်းနမ်းလိုက်သည်။

"ဟဲ့... နင့်သားနဲ့ ငါ့ကို အားနာပါဦး"

"အမလေးတော် သူတို့ကိုသူတို့ ပန်းခြံထဲ ရောက်နေတယ် ထင်နေကြလားမသိ"

"ဘာဖြစ်လဲ ကိုယ့်လင် ကိုယ်နမ်းတာ မင်း အားကျမနေနဲ့"

"ဖြစ်မှဖြစ်ရလေတော်"

"နင့်ဖုန်းနံပါတ်လေးပေးထားဦး အဆက်အသွယ်လုပ်ရအောင်"

"အွန်း 09********* missed call ပေးလိုက်"

"အိုခီ... မားသားကြီးကို ကြိုချိန်ရောက်နေလို့ သွားဦးမယ်"

"သားလေး တီတီ ပြန်တော့မယ်နော် ဟိုဘက်က သားကြီးရော ပြန်တော့မယ်ရှင့်"

"ပေါက်လွတ်ပဲစားမရယ် မြန်မြန် ကြွပါတော့"

ငယ်သူငယ်ချင်းမို့သာ သည်းခံနေရသည်။အကြောက တစက်ကလေးမှ မတည့်ပါ။

တစ်ခါမှ မမြင်ဖူးတဲ့ သူမရဲ့ ပေါ့ပါးငယ်ရွယ်မှုမျိုးပါ။ထပ်ပြီး မှတ်ထားရမယ့် ပုံရိပ်အသစ်တစ်ခုပေါ့...

-----

နောက်တစ်နေ့ မနက် သူမ မထခင် အရင်ထဖြစ်သည်။အဝတ်မြန်မြန်ထုတ်ပြီး ရေချိုးခန်းထဲ ယူသွားပြီး ရေပန်းနဲ့ တခါထဲရေချိုးလိုက်သည်။လက်လှမ်းမိသလောက် ကျောကို ဆပ်ပြာတိုက်လိုက်သည်။ရေပန်းနဲ့ဆပ်ပြာပြောင်အောင်ချိုးလိုက်ပြီး လက်တစ်ဖက်နဲ့ အဝတ်ရအောင် ဝတ်ပြီး ထွက်လာသည်။

"အမေ့!"

"သရဲမြင်မိလို့လားမောင်"

"မဟုတ် ..မဟုတ်ပါဘူး မ မနိုးသေးဘူးထင်လို့"

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now