"အိမ်မှာလေ"

"Nariဆီလာပေးပါလား ကိုကို"

"ကိုယ်ပင်ပန်းနေတယ်Nari"

"ဒါဆို..ဒါဆို Nariလာပါ့မယ်"

အပြိုလဲဆုံးသောအသက်ရှူသံတွေရဲ့မှီတည်ချင်မိရာတွေဟာတူညီမနေခဲ့။ လိုအပ်နေသောရင်ခွင်တွေဟာ တစ်ယောက်နဲ့တစ်ယောက်ဆန့်ကျင်နေသည်။ သမီးရည်းစားဆိုတဲ့ခေါင်းစဥ်အောက်ကကြိုးနှစ်ချောင်းဟာခပ်တဲတဲလေးပဲကျန်တော့သလို။

"မလာပါနဲ့..အချိန်မရှိတော့ဘူးလေNari"

"Nari..ကိုကို့ ကိုအရမ်းလွမ်းနေလို့ပါ"

သိမ်ငယ်ရတယ်ဆိုတာကိုခံစားဖူးပါရဲ့နဲ့ကိုယ်ချင်းစာမနေနိုင်သောအချိန်တွေပါ။ ကျွန်တော် Nariကိုတွေ့လဲမတွေ့ချင်သလို အသံကိုတောင်မကြားနိုင်တဲ့အထိအားနာမှုတွေကြီးမားနေတယ်။ ကျွန်တော်ကိုယ်တိုင်လဲ လက်ထောက်ထားရတာတောင်ယိုင်နဲ့နဲ့ နဲ့။

"လွမ်းရင်နောက်နေ့လာတွေ့ပါ့မယ်"

"ကိုကို..Nariကိုစိတ်ဆိုးနေတုန်းလားဟင်"

"ကိုယ့်ကိုစိတ်ရှုပ်အောင်မလုပ်ပါနဲ့လား..ကိုယ်တကယ်ပင်ပန်းနေလို့"

"Nariတောင်းပန်ပါတယ်..ကိုကို့ ကိုစိတ်ရှုပ်အောင်လုပ်နေတာမဟုတ်ပါဘူး..Nariရုတ်တရက်ကြီးအိပ်မက်ဆိုးမက်လို့ပါ"

"ရေလေးသောက်ပြီးပြန်အိပ်လိုက်လေ..ကိုယ်စကားမပြောချင်တော့ဘူး"

ရှေ့ဆက်နေရခြင်းအားဟာ ကိုကိုဖြစ်နေလို့ ကိုကိုကလက်လွတ်ပစ်တဲ့အခါ၊ ကိုကို့ ဆန္ဒဟာသေမိန့်ပါပဲ။ ဘယ်ဘဝဆီရောက်ရောက်ကိုကို ထားခဲ့ရင်သေချင်ခဲ့ပြီး၊ကိုကိုမရှိတော့ရင်သေဆုံးခဲ့တဲ့စိတ်ဝိဉာဥ်တွေပါ။ ကိုကိုက စိတ်ကုန််​ပြီလို့ပြောလာရင် စိတ်တွေအကုန်လွတ်ချပြီးထာဝရနောက်ဆုတ်ပေးမည့်မေတ္တာတွေပါ။ကိုကိုနှင်ရင်သေဖို့ကိုဝန်မလေးတော့တဲ့မိန်းကလေးပါကိုကိုရယ်။

"အိပ်မက်ထဲမှာ ကိုကိုကNariကိုထားသွားလို့.."

ငြိမ်သက်သွားလို့ဖုန်းချပစ်တော့မည့်ဆဲဆဲမှထပ်မံပြောကြားလာသောစကား။ အိပ်မက်တွေအကြောင်းမကြားချင်တော့တဲ့အချိန်၊ အိပ်မက်တွေကြောင့်ရုန်းမထွက်နိုင်ဖြစ်နေရတဲ့လူမို့ အိပ်မက်ကြောင့်ဆိုတဲ့စကားတွေကြားတဲ့အခါစိတ်သည်အလှုပ်ခတ်ဆုံးဖြစ်ခဲ့သည်။

HEWhere stories live. Discover now