"မေကြီးရယ် သမီးလေးက သန်မာပါတယ်ကွ ဒီဒဏ်ရာလောက်နဲ့ ကိုယ်တို့ကို ခွဲမသွားပါဘူးကွာ"
ဖေဖေ့အသံတွေ တိုးလျနေတယ် အတတ်နိုင်ဆုံး သန်မာချင်ယောင်ဆောင်နေသည်ထင်ရဲ့‌။
"သမီး အိမ်ပြန်ပြီး လိုအပ်တာသွားယူချေလေ မြေးလေး အဝတ်တွေလည်း လေးငါးစုံယူခဲ့ သမီးငယ် ဆေးရုံကဆင်းတဲ့ထိ မေမေတို့ မြေးလေးကို ခေါ်ထားလိုက်မယ်"
"ဟုတ်တယ်သမီး ဖေဖေတို့ စောင့်ထားပေးမှာမို့ စိတ်ချချသွားနော် ‌ကားလည်းဖြည်းဖြည်းမောင်းချေ"
မောင့်ကိုကျွန်မ မထားခဲ့ချင်ပါ တခဏအတွင်း ဖြစ်ပျက်သမျှ ရင်နှင့်အမျှဖြစ်ရသည်မဟုတ်လား မောင်နဲ့ တစ်စက္ကန့်လေးတောင် ခွဲ‌မနေချင်တော့ပါ။
ဒါပေမယ့် မေ‌မေတို့ပြောတာ မှန်သသည်လေ သားကိုလည်း ဂရုမစိုက်နိုင်တဲ့ ကာလမှာ မောင့်မိဘတွေဆီထားတာ စိတ်အချရဆုံးဆိုတဲ့ စိတ်နဲ့ အိမ်ပြန်ပြီး လိုအပ်တာ ပြင်ဆင်ခဲ့လိုက်သည်။

"မေတို့ဖေတို့ ပြန်နားလိုက်ကြတော့လေ မောင့်ကို ကျွန်မပဲ စောင့်လိုက်ပါ့မယ် မောင်သတိရတာနဲ့ ဖုန်းဆက်မယ်နော် မေမေ"

"လာ မေကြီး မြေးလေးရော လာဝေ့ ဖိုးတို့ အိမ်ကနေ သတင်းကောင်းစောင့်ကြမယ်နော့်"
"နက်ဖန်မှတခါ စားစရာတွေလာပို့ရင်း လာတော့မယ် သမီးရေ... ဖေ့သမီးငယ်နား နေပြီး ဂရုစိုက်ပေးဦးနော့"

"ဟုတ်ကဲ့ဖေဖေ"
စကားများများမပြောတတ်တဲ့ မောင့်ဖေဖေက သူ့သမီးကို စိုးရိမ်တဲ့ စိတ်နဲ့ စကားတွေ အဆက်မပြတ်ပြောနေတော့သည်။မောင့်မိဘတွေ သားကိုခေါ်ပြီး အိမ်ပြန်သွားတော့ မောင့်ဘေးနားလေးတိုးရင်း ဆေးထိုးအပ်တန်းလန်းဖြစ်နေသည့် မောင့်လက်ဖမိုးလေး အသာနမ်းမိသည်။
မှန်တွေ အစိတ်စိတ်ကွဲနေတဲ့ မောင့်ဖုန်းလေးက သွေးစလေးတွေပေနေသဖြင့် အသာသုတ်လိုက်ပြီး ဖွင့်ကြည့်မိသည်။
ပုဂံသွားတဲ့ ၅ရက်လုံး ကျွန်မတို့ သားအမိပုံတွေ မောင့်ဖုန်းထဲအပြည့် ရှုခင်းတွေချည်း လိုက်ကြည့်နေလို့ စိတ်ဆိုးခဲ့မိသည်လေ။ အခုတော့....
ကျွန်မ အိပ်ပျော်သွားချိန်များ မောင်သတိရလေမလားဆိုတဲ့စိတ်နဲ့ ကျွန်မ တညလုဲး မအိပ်ခဲ့ပါ။
ပုံမှန်ဆို မောင်ကပဲ စာအုပ်ဖတ်ပြတတ်ပေမယ့် ဒီတခါတော့ မောင့်ကို ကျွန်မ စာအုပ်ဖတ်ပြဖြစ်သည်။ ကျွန်မအသံကိုကြားရင် မောင်ရယ်နေမလား....
ဆရာမဂျူးရဲ့ *ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ*ဆိုတဲ့ စာအုပ်လေး ဖတ်ပြဖြစ်သည်။ ‌
တပတ်လောက်ကြာတဲ့ထိ မောင်မနိုးလာခဲ့ပါ...
ဆရာဝန်တွေကတော့ ခေါင်းထိထားလို့လို့ပြောခဲ့ပေမယ့် မောင်နိုးမလာတော့ရင်ဆိုတဲ့ စိတ်က ကျွန်မကို အသက်ရှူရ ကြပ်စေသည်။
အလုပ်မှန်သမျှ အတွင်းရေးမှူးမလေးနဲ့ ပစ်ထားခဲ့သည်။ company ကို ကျွန်မ တာဝန်လွှဲယူရကတည်းက daddy ခန့်ထားပေးခဲ့တာမလို ထိုညီမလေးက စိတ်ချရသလို အလုပ်အကြောင်းလည်း နားလည်သည်။ အရေးကြီးလက်မှတ်ထိုးစရာရှိရင် ရုံးဆင်းချိန် ကျွန်မထံ လာတတ်သည်။
မောင့်မိဘတွေကလည်း သားလေးကို ခေါ်ကာ တလှည့်စီ လာကြသည်။ကျွန်မ စားဖို့ နေ့တိုင်းထမင်းဟင်းချက်လာပေးပေမယ့် ကျွန်မ စားမဝင်ပါ။ချိုင့်အပြည့်ပြန်ယူသွားရတာနေ့တိုင်းပင်။
‌ခေါင်းကအနာကျက်သွားလို့ ပတ်တီးဖြည်လိုက်ရပေမယ့် လက်ကျိုးထားတဲ့ ကျောက်ပတ်တီး ဖြူဖြူလေးတော့ ရှိမြဲ မောင်ကလည်း ဆေးရုံကုတင်ထပ် အိပ်မြဲ အိပ်နေဆဲပါပဲ.....
မျက်နှာသေးသေးလေးပေါ်က ဒဏ်ရာတွေကတော့ အမာရွတ်နည်းနည်းကျန်နေသေးသည်။
မောင့်ကို ရေပတ်တိုက်ပေးပြီး အနည်းငယ်ရှည်နေတဲ့ မောင့်ခြေသည်းလေးတွေကိုပါ အသာညှပ်ပေးနေသည်။
လုပ်စရာမရှိတော့ မောင့်လက်ဖမိုးလေး အသာထိပြီး မောင့်ကို စကားတွေပြောနေမိသည်။
"မောင်"
"ရှင်သိပ်ဆိုးတာပဲနော်...အဲ့လောက် အိပ်ပုပ်ကြီးရသလားကွယ်"
"မောင်သိပ်ချစ်ရတဲ့ လူတွေက မောင်နိုးလာတာစောင့်နေကြတယ်လေ မောင်မျက်ကွယ်ပြုရက်လှချည်လားကွယ်"
"မောင်သတိရပြီလားဆိုပြီး နေ့တိုင်းဖုန်းဆက်မေးနေတတ်တဲ့ မောင့်အစ်ကို အစ်မတွေကို ကျွန်မ အဖြေပေးရတာ သိပ်အားနာတာပဲ မောင်ရယ်"
"တစ်အိမ်လုံးရဲ့ အသည်းညှာလေးကို ဆွဲခေါ်လာခဲ့ပြီးမှ ကျွန်မက မောင့်တစ်ယောက်ကိုတောင် အန္တရာယ်ကင်းအောင် မစောင့်ရှောက်နိုင်ခဲ့ဘူး ကျွန်မ သိပ်ညံ့သေးတယ်နော် မောင်"
"အိမ်မပြန်ရတာ ကြာလို့ သားကလည်း ရှင့်ကို မျှော်နေတာ ကြာပြီ ရှင်သိလား မောင်"
"ကျောတွေနာနေတော့မယ်လေမောင်ရယ် ထ‌သင့်ပြီလေနော်"
တွေးရင်းကျွန်မမျက်ဝန်းတွေစိုစွတ်လာသည်။
မောင့်သူငယ်ချင်းတွေကလည်း တခါတရံလာတတ်သည်။မောင်ကြိုက်တဲ့စာရေးဆရာတွေရဲ့ အသစ်ထွက်တဲ့စာအုပ်တွေလည်းတယ်လာပေးတတ်သည်။မောင်ကတော့ ကျွန်မတို့အားလုံးကို လျစ်လျူရှု၍သာနေသည်......
ညဘက်တွေ မောင့်ကို စာဖတ်ပြတာ ကျွန်မတာဝန်တစ်ခုလိုကို ဖြစ်နေခဲ့ပြီ။ဖုန်းထဲက မိသားစုပုံလေး မအိပ်ခင် ထုတ်ကြည့်မိတတ်ပြီး ကျွန်မလူသားသေးသေးလေးကိုလွမ်းလှပါသည်။နေ့ခင်းနေ့လည်တွေဆို မောင်ကိုစကားပြောတယ် မောင်ပြန်မဖြေတာတောင်မှပေါ့.....

အချစ်ရဲ့ အလိုအတိုင်းWhere stories live. Discover now