အသက်အကြီးဆုံးလည်းဖြစ်ခေါင်းဆောင်လိုလည်းဖြစ်နေသူကသူတို့ရဲ့သစ္စာရှိမှုကိုရွတ်ပြခဲ့ပြီးသူ့ရဲ့အသက်နဲ့အလဲအထပ်ပြုလုပ်ကာကောင်းကင်ကိုတိုင်တည်ပြီးကျိန်ဆိုခဲ့သည်။

သတိုးကျော်စွာ,အိမ်ဆောင်နာရီကိုထုတ်ကာထိုလူကြီးရှေ့ဝေ့ယမ်းကာစိတ်ညို့လိုက်သည်။ထိုအရာလေးကအရှင့်သားဆီကရထားသောလက်ဆောင်ဖြစ်ပြီးအရှင့်သားသင်ထားပေးသောစိတ်ညို့နည်းပင်။သူတစ်ယောက်ထဲဒီလက်ဆောင်ရတယ်ထင်ပြီးကျန်လေးယောက်အားအပြေးအလွှား​ကြွားဖို့သွားသောအခါမှငါးယောက်လုံးနာရီလက်ဆောင်ရထားကြောင်းသိလိုက်ရသောဝမ်းနည်းစရာအခိုက်အတန့်ပင်။အရှင့်သားကမျက်နှာများလိုက်တာ....။

ထိုလူရဲ့ရိုးသားသောမျက်ဝန်းများနှင့်အဖြေများကြောင့်သတိုးကျော်စွာလက်ဖျောက်တီးကာစိတ်ညို့တာကိုပြန်ဖျက်လိုက်သည်။

"ကောင်းပြီစားဖိုးမှူးတွေသံသယကလွှတ်ကင်းတယ်အာ...နောက်ဆုံးတစ်ဖွဲ့ပဲကျန်တော့ဒါပဲ"

"ကျေးဇူးတင်ပါတယ်တရားသူကြီး!"

စားဖိုမှူးတွေဟာလဲစုံးစမ်းစစ်ဆေးခြင်းမှလွှတ်မြှောက်သွားတာကြောင့်စားဖိုမှူးများချက်ပြုတ်သမျှကိုပုဂံထဲအသီးသီးထည့်ကာသက်ဆိုင်ရာအပျိုတော်တွေဆီလက်လွှဲပေးရသောဟင်းပြင်ဆင်သူတစ်စုသာကျန်ရစ်ခဲ့တော့သည်။

ရဲမက်တွေကဓါးကိုယ်စီကိုဆွဲထုတ်လိုက်ပြီးအပြစ်သားဟုယူဆရသောလူတစ်စုကိုသုတ်သင်ရန်အသင့်ပြင်ထားလိုက်ကြသည်။

သတိုးကျော်စွာဘာမှမမေးရသေးခင်မိန်းကလေးတစ်ယောက်ကဒူးထောက်ချလာပြီး

"ကျွန်မ..ကျွန်မ..မဟုတ်ဘူး..မင်းသမီး..."

သို့သော်သူမစကားမဆုံးသေးခင်ချွန်ထက်သောမြှားတစ်စင်းကသူမလည်ပင်းကိုဖောက်ဝင်သွားခဲ့သည်။ထို့နောက်မျက်လုံးပြူးမျက်ဆန်ပြူးနှင့်ပါးစပ်ဖွင့်ဟလျှက်ပင်လဲကျသေဆုံးသွားတော့သည်။

"လုပ်ကြံသူရှိတယ်...ရှာကြစမ်း!"

ရွှေနန်းတော်ပေါက်ကွက်မတတ်ပွက်ပွက်ညံသွားခဲ့ပေမယ့်တရားခံကိုတော့ဖမ်းမမိလိုက်ပါချေ။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now