25. ဆောန်

Start from the beginning
                                    

" ရူးတော့မှာပဲ "
သိချင်တာတွေမသိရသေးခင်မှာ ထိုမျက်ဝန်းတွေရဲ့ဆွဲအားကြောင့် ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေကို ကြိုးစားထိန်းချုပ်ရင်းနဲ့ ရူးတော့မလိုပင်။

စိတ်နဲ့ကိုယ်ကို အတင်းဆွဲကပ်လိုက်ပြီး ဟိုတစ်စဒီတစ်စထွက်ပေါ်နေပြီဖြစ်တဲ့ အတိတ်အပိုင်းအစတွေကို ဆက်စပ်ကြည့်ဖို့ကြိုးစားလိုက်သည်။

မလွှဲမရှောင်သာပဲ မင်္ဂလာပွဲကိုလက်ခံခဲ့ရပေမယ့်
တော်ဝင်မိသားစုတွေကိုမုန်းပါတယ်ဆိုတဲ့ဆောင်ဟွန်းက ဆောနူးကိုတော့မသိစိတ်ထဲကနေ ရင်းနှီးနေသလိုခံစားခဲ့ရပြီး မုန်းတဲ့စိတ်လည်းရှိမနေခဲ့ပေ။

စိတ်ထိခိုက်စေမယ့်စကားတွေပြောနေရင်းက တစ်ယောက်ယောက်ကြောင့်ထိခိုက်သွားမှာကိုတိတ်တခိုးစိတ်ပူနေခဲ့မိသေးသည်။

သူ့မျက်နှာကိုမြင်ရင် ဆောင်ဟွန်းတစ်ခုခုကံဆိုးမည်ဆိုတာကို စိတ်ဒဏ်ရာတစ်ခုလိုကြောက်ရွံနေတဲ့ဆောနူးရဲ့စကားအရ အတိတ်မှာ သူ့ကိုဆုံးရှုံးဖူးတယ်ဆိုတာ အနည်းငယ်ရိပ်မိလာသည်။

ထို့ပြင်
သူ့လည်ပင်းမှာ ၁၂နှစ်ကျော်ကြာအောင် ​ကိုယ်နဲ့မကွာ ဆွဲထားခဲ့တဲ့ ဆွဲပြားလေးက ဆောနူးဆွဲပြားဖြစ်နေခဲ့သည်။

ယခုလည်း ဆောနူးနောက်ကျောမှာ ကန့်လန့်ဖြတ်ရှိနေတဲ့ ဓားဒဏ်ရာအမာရွတ်ကြီးကိုမြင်တော့ ဆောန်မီမိန်းကလေးပြောခဲ့ဖူးတဲ့ "ဟွန်းကိုကယ်ဖို့ကြိုးစားရင်းနောက်ကျောမှာ ဓားဒဏ်ရာရခဲ့ဖူးတယ်" ဆိုတဲ့စကားကိုပါကြားယောင်လာသည်။

နောက်ပြီး ဆောနူးက သူ့ကိုခေါ်တဲ့နာမည်က ဆောင်ဟွန်းမဟုတ်ဘဲ " ဟွန်း" တဲ့
ဆောန်မီမိန်းကလေးခေါ်တဲ့အတိုင်းအတူတူပင်ဖြစ်သည်။

ဒါဆို ဒါဆို

ဆောင်ဟွန်းခေါင်းထဲမှာ အတွေးတွေ ခံစားချက်တွေ အရမ်းကိုရှုပ်ထွေးရောပြွန်းနေပြီး တစ်ဆစ်ဆစ်ထိုးကိုက်လာတော့သည်။.

ဆောင်ဟွန်းကိုအသက်အန္တရာယ်ပေးမည့်ဓားချက်ကနေ ကယ်ခဲ့ဖူးတဲ့သူက ဆောန်မီမိန်းကလေးမဟုတ်ဘဲ ဆောနူးများလား။
ဆောန်မီ နဲ့ ဆောနူး နာမည်အရှေ့စာလုံးတွေကလည်းတူနေတာမို့
သေချာစဥ်စားကြည့်တော့ ဆောန် လို့ ခေါ်ခဲ့ဖူးတဲ့နာမ်စားလေးကရော ဆောန်မီအတွက်မဟုတ်ဘဲ ဆောနူးအတွက်များလား။
အဲဒါကြောင့် ဆောန်မီမိန်းကလေးအပေါ်မှာ ခံစားချက်တွေနည်းနည်းလေးမှရှိမနေခဲ့ဘဲ ဆောနူးအပေါ်မှာ..

Majestic Love Story In Dae Goguyeo Where stories live. Discover now