" ကိုယ်တိုင်ပဲ သတ်လိုက်မိတာလား မာမီကို "
"...."
" တစ်၀က်တစ်ပျက်မှတ်ဉာဏ်တွေက သွေးအိုင်ရှေ့မှာ လဲကျနေတဲ့မာမီရဲ့ရှေ့မှာ ကျုပ်သေနတ်ကိုင်ထားတာပဲ .."
ဂျီမင်ဘာစကားပြောရမှန်းမသိလောက်အောင် ဖြစ်သွားလေသည်။ ပြီးတော့ သူ့ခေါင်းကို အနောက်အနည်းငယ် ဆုတ်လိုက်မိသည် ။
" ခင်ဗျားရော ထင်တယ်မလား ?"
" ...."
" ကျုပ်လည်း ထင်တယ် ၊ ကျုပ်ပဲ သတ်လိုက်မိတာလား ...ဒါမှမဟုတ် တစ်ခုခုလား ?"
" မင်းရဲ့မာမီကို မင်းမုန်းလို့လား ?"
" အချစ်ဆုံး "
" မင်းဒယ်ဒီရော မမေးဘူးလား ?"
" ဒယ်ဒီက ပြန်ပေးဆွဲသမားတွေ ပစ်လိုက်တာတဲ့ "
" ဟုတ်မှာပါ ၊ မင်းအတွေးများနေတာ နေမှာ "
" အဟင့် ..."
ကင်မ်ထယ်ယောင်းက လူသတ်တယ်ဆိုတာက ဖြစ်နိုင်လို့လား ? ။ ကျောင်းက ရန်ပွဲတွေကို ကြည့်ရင် ကင်မ်ထယ်ယောင်းရန်ပွဲဖြစ်သမျှလူတွေသည် မသေယုံတမယ် ကျန်ခဲ့လေသည် ။ ကလေးတစ်ယောက်ရဲ့ အမှားလား ? ။
သူဒီလိုမတွေးသင့်ဘူး ထင်ပေမဲ့ သူ့ဦးနှောက်က အလိုအလျှောက်ပဲ တွေးနေမိလေသည် ။ဒီလူက သူ့အပေါ်မှာရော ကိုယ်ထိလက်ရောက် ကျုးလွန်းမိတာလည်း အခုချိန်ထိ မရှိခဲ့ပါ။ ဒါကြောင့် သူ့ဘက်က ပြောရခက်သည်။
" ခင်ဗျားလည်း ကျုပ်လုပ်လိုက်တယ်လို့ ထင်နေတယ်မလား ?"
" ဟင့် ..!!"
သူ့မျက်လုံးကို အကြာကြီးစိုက်ကြည့်ကာ ပြောပြီး ကုတင်ပေါ်ကနေ ထသွားလေသည်။
" ကျုပ်ရဲ့မှတ်ဉာဏ်တွေ အဲ့အချိန်ကပဲ တစ်ပိုင်းတစ်စပျက်နေခဲ့တာ ."
" ငါယုံပါတယ် ...ငါယုံတယ် မင်းမလုပ်ခဲ့ဘူးဆိုတာ "
" အဟင့် ..."
" မျက်လုံးတွေကတော့ အဲ့လိုမဟုတ်ဘူး "
ဆေးလိပ်ဘူးကို သောက်ယူပြီး ဆေးလိပ်ကိုမီးညှိလိုက်သည်။ ဂျီမင်ကတော့ ကုတင်ပေါ်မှာ ထထိုင်လိုက်ပြီး
🔥 28 🔥
Start from the beginning