အပိုင်း(24)

Start from the beginning
                                    

"ကဲဒီသားအဖတွေ စကားတွေများနေတယ် မောင် ပန်ဘာကူပေးရမလဲ ''

ပန်ကမီးဖိုထဲ ဝင်သွားရင်ပြောတော့ နှစ်ယောက်လုံးလှည့်ကြည့်လာသည်။ သားကတော့ သူ့အဖေလုပ်သမျှကို သေချာလိုက်ကြည့်နေတာ မျက်တောင်   တောင်မခတ်။

"သြော် ပန် အာ့တာဆို မောင့်ကို ဒီဟာလေးတွေ လှီးပေးထား မောင်ခေါက်ဆွဲ ပြုတ်မယ်''

"ဟု မောင် ခေါက်ဆွဲ ပြုတ်ရင်ပိုပြုတ်နော် အရီးလေးတို့ကိုလဲ ပေးရအောင် ပန်းနုတို့လဲရောက်နေတယ် ကြားတယ် ''

"အင်း ပါ မောင် ဒီမှာ ၂စည်းတောင်ပြုတ်မှာ စိတ်မပူနဲ့ဟုပြီလား''

မောင် ကခေါက်ဆွဲ ပြုတ်နေတုန်း ပန်က အသီးအရွက်တွေလှီးသည်။.သားကတော့ ပန် လှီးနေတာကြည့်လိုက် သူ့အထေခေါက်ဆွဲ ပြုတ်တာကြည့်လိုက်နဲ့ ခေါင်းလေးကိုလည်နေတာပဲ။မောင်ကခေါက်ဆွဲ ပြုတ်ပြီးတဲ့အချိန် ပန်က အသီးအရွက် တွေလှီးပြီးနေပြီ။ ပြုတ်ထားတဲ့ခေါက်ဆွဲကို ရေအေးနဲ့ ပြန်ဆေး လဲ ပြီးရော မောင်က ဆားရယ် သကြားရယ် ပဲငံပြာရည် ရယ် တခြားဘာလေးတွေလဲမသိထည့်နှယ်သည်။ပန်လဲ သိချင်တော့ မောင့်ကိုမေးထားမိသည်။

"မောင့် အာ့တာဘာထည့်တာလဲဟင်ပြီးတော့ ဘာလို့ သကြားထည့်တာလဲ ချိုကုန်မှာပေါ့''

"ဒီဟာက ပဲငံပြာရည်  ​​ ဟိုအနောက်လေးက ဒီဟာက အကြည် သကြားထည့်တာက အချိူမှုန့်မသုံးချင်လို့လေပန်ရဲ့  ဒီဟာက ခရုဆီ ကြော်မှ ထည့်ရမှာလေ အာ့တာက ''

"ပန် ဒါတွေကိုရေဆေးထားတယ် မောင် အကုန်ရောကြော်မှာမလား ''

"ရေဆေးပြီးပြီလား အာ့တာဆို ထားလိုက်တော့ မောင်ခေါက်ဆွဲကြော်မယ် ပန်က ထိုင်ကြည့်နေဟုပြီလား''

မောင်  အိုးထဲကိုဆီအရင်ထည့် ဆီဆူမှ ကြက်သွန်နီ ပါးပါးလှီးထားတာကို ထည့်ကြော်သည်။.ပြီးတော့ ပုဇွန်ထည့်သည် ပုဇွန်နည်းနည်းနီလာမှ အသီးအရွက်တွေ ထည့်သည်။.ပြီးတော့ ခုနက ခရုဆီ ရယ် ပဲငံပြာရည်အကြည်ဆိုတာရယ် ဆားနဲနဲ နဲ့ သကြားနဲနဲထပ်ထည့်ပြီးကြော်သည်။.အနံ့လေးက မွှေးနေတာ ပန်တိူ့ ကြော်တဲ့ပုံစံနဲ့မတူ။ အသီးအရွက်တွေနူးခါနီးမှ ခေါက်ဆွဲထည့်ပြီး နှံံ့ အောင်ကြော်သည်။ ပြီးတော့ ဟို တခါမြို့ကနေဝယ်လာပြီး ခြံထဲမှာစိုက်ထားသည့် တရုတ်နံနံပင် ဆိူတာလေးကို ညှပ်ထည့်လိုက်သည်။.အခုမှ ပန်သိသည် ခေါက်ဆွဲကြော်က မြို့ကဆိုင်ကနေ ဝယ်စားတဲ့အတိုင်းပင်အနံ့လေးက မွှေးနေသည်။သားသားက လဲ တံတွေးတွေ တောင်မျိုချနေပြီးဖြစ်သည်။.ခေါက်ဆွဲ ကြော်ရတော့ မောင်က ဆိတ်နံ့ရိုးဝယ်ထားတဲ့ဟာကို သံပုရာသီး နဲ့ဆေး ရေကို သုံးလေးထပ်ဆေးပြီး အိုးထဲထည့် ကြက်သွန်ဖြူနဲ့ဂျင်းကို ဓားပြားရိုက်ပြီးထည့်နနွင်းလေးနဲနဲထည့် ရေထည့်ပြီးတည်သည်။အိုးဆူလာတော့ အမြှပ်တက်လာတာတွေကိုခပ်ထုတ်ပြီး ရေနည်းနည်းထပ်ထည့် ငံပြာရည်လေးနဲနဲထည့်ပြီး ထပ်တည်ထားသည်။.

🌹🌹ပန်တော်မူ🌹🌹(Completed)Where stories live. Discover now